ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် ရွှေ့ပြောင်းတွေအတွက် လာမယ့် အောက်တိုဘာလ ၁၅ ရက်ကနေ (၂၉) ရက်အထိ အွန်လိုင်းကနေ တရားဝင်ခွင့်နဲ့ နေထိုင်ခွင့် မှတ်ပုံတင်နိုင်ပြီလို့ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။

အဆိုပါ ၁၅ ရက်တာအတွင်း ခန့်မှန်းခြေ ၅ သိန်းကနေ ၇ သိန်းရှိနိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် မှတ်ပုံတင်ခွင့်ပြုမှာဖြစ်ပြီး ထိုင်းမှာ အများဆုံး (၁) နှစ်အထိ တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရှိမှာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်က နိုင်ငံရဲ့ အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့နဲ့ ရွှေ့ပြောင်းလုပ်သားတွေ တရားဝင်အလုပ်လုပ်ကိုင်စေဖို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အလုပ်သမားဝန်ကြီး Treenuch Thienthong က အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“အလုပ်ရှင်တွေမှာ ဥပဒေအရ အကာအကွယ်ပေးထားတဲ့ တရားဝင် မှတ်ပုံတင်ထားသူ အလုပ်သမားတွေ ရှိတဲ့အခါ အလုပ်သမားဈေးကွက်နဲ့ လူမှုလုံခြုံရေးအရ နိုင်ငံရဲ့ တည်ငြိမ်ရေးအပြင် ပြည်သူ့ကျန်းမာရေးအရပါ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် လူသားချင်း စာနာမှုတန်ဖိုးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ ပုံရိပ်ကိုပါ မြှင့်တင်ပေးပါတယ်” လို့ ဝန်ကြီး Treenuch ပြောပါတယ်။

အလုပ်သမားဌာနရဲ့ ခန့်မှန်းချက်အရ လုပ်ငန်းခွင် နေထိုင်ခွင့် သက်တမ်းကုန်ဆုံးသွားသူတွေ သို့မဟုတ် သက်တမ်းတိုးရက်မှာ မတိုးလိုက်ရဘဲ အလုပ်ဆက်လုပ်နေသူတွေ အပါအဝင် ထိုင်းမှာ မှတ်ပုံမတင်ရသေးတဲ့ ရွှေ့ပြောင်းလုပ်သား ၃၃၈,၀၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။

ယခင် မှတ်ပုံတင်ရေး စီမံချက်တွေအရ ယခု ၁၅ ရက်တာ ကာလအတွင်း အလုပ်သမား ၅သိန်းကနေ ၇သိန်း အထိ မှတ်ပုံတင်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

အလုပ်သမားဌာန အထွေထွေ ညွှန်ကြားရေးမှူး Pichet Thongpan ရဲ့ ပြောကြားချက်အရ အောက်တိုဘာ ၁၅ ရက်ကနေ ၂၉ ရက်အတွင်းမှာ အလုပ်ရှင်တွေက ရွှေ့ပြောင်းလုပ်သားတွေ ကိုယ်စား အလုပ်လုပ်ကိုင်ခွင့် လျှောက်လွှာတွေကို အွန်လိုင်းကနေ လျှောက်ထားနိုင်မှာ ဖြစ်ပြီး ကျသင့်ငွေကို ၂၄ နာရီအတွင်း ပေးချေရမှာဖြစ်ကြောင်း၊ လျှောက်လွှာတင်ထားကြောင်း အထောက်အထားအရ အဆိုပါလုပ်သားတွေအနေနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ယာယီအလုပ်လုပ်ကိုင်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။

အဲဒီနောက် အလုပ်ရှင်တွေအနေနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ၊ ကျန်းမာရေး အာမခံ မှတ်ပုံတင်ခြင်းကိစ္စတွေနဲ့ လူဝင်မှုကြီးကြပ်ရေး ဗျူရိုရုံးတွေမှာ ဇီဝအချက်အလက်စုဆောင်းရေးတို့ကို စီစဉ်ရမှာဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသားတွေအနေနဲ့ကတော့ ရက် (၆၀) တကြိမ် လူဝင်မှုကြီးကြပ်ရေးဌာနကို သတင်းပို့ရမှာဖြစ်ကြောင်း သူက ပြောဆိုပါတယ်။

အထက်ပါ အဆင့်တွေအားလုံးကို ဆောင်ရွက်ပြီးစီးမယ်ဆိုရင်တော့ အလုပ်သမားဌာနအနေနဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့အထိ သက်တမ်းရှိတဲ့ တနှစ်တာ အလုပ်လုပ်ကိုင်ခွင့်ကို ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

စာရွက်စာတမ်း အပ်ဒိတ်လုပ်တာတွေနဲ့ပတ်သက်လို့ တနှစ်တာကာလအတွင်း အလုပ်သမားတွေဟာ ပြည်နယ် အုပ်ချုပ်ရေးဌာမှာ ကိုယ်ရေးမှတ်တမ်းတွေ၊ နိုင်ငံမဲ့သူတွေအတွက် မှတ်ပုံတင်ကတ်ပြားတွေကို အပ်ဒိတ်လုပ်တာ ဒါမှမဟုတ် ထုတ်ယူတာတွေ လုပ်ဆောင်ရမှာလို့လည်း သိရပါတယ်။

“အကယ်၍ အလုပ်သမားဟာ ထိုင်းမှာ ပိုကြာကြာနေနိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ခရီးသွားလာခွင့် စာရွက်စာတမ်း မရှိဘဲ၊ ဗီဇာကို လူဝင်မှုကြီးကြပ်ရေး ဗျူရိုကနေ မရယူဘဲ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားမယ်ဆိုရင် အထူးခွင့်ပြုချက်ဟာ ချက်ချင်းပဲ အဆုံးသတ်သွားမှာပါ” လို့ Pichet က သတိပေးထားပါတယ်။

လျှောက်လွှာတွေကို (၁၅) ရက်တာကာလအတွင်း စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေပါမကျန် အွန်လိုင်းကတဆင့် တင်သွင်းနိုင်ကြောင်း၊ e-WorkPermit စနစ်ကို အောက်တိုဘာလ ၁၃ ရက် ကစလို့ eworkpermit.doe.go.th မှာ တနိုင်ငံလုံးအနေအထားနဲ့ စတင်လည်ပတ်မှာဖြစ်ကြောင်း၊ ၂၄ နာရီ အွန်လိုင်း ဝန်ဆောင်မှုအတွင်း လျှောက်လွှာတင်သွင်းခြင်းနဲ့ တရားဝင်မှု အခြေအနေ စစ်ဆေးခြင်းကနေ အတည်ပြုချက်ပေးခြင်းနဲ့ အလုပ်လုပ်ကိုင်ခွင့် ကတ်ပြားထုတ်ပေးခြင်းအထိ လုပ်ငန်းစဉ်တွေအားလုံးကို အရာရှိတွေနဲ့ တိုက်ရိုက်တွေ့ဆုံစရာမလိုဘဲ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း –  KhaosodEnglish

0 Shares:
You May Also Like
Read More

အင်းတော်၊ ဂျပန်လှိုဏ်ဂူစခန်းမှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူးကို အရှင်ဖမ်းမိ

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း နောက်ဆုံးလက်ကျန် ဂျပန်လှိုဏ်ဂူစခန်းကနေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်မမှူး အောင်သက်ဦးနဲ့အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကသာမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြန်မာလုပ်သား ၁၄၀၀ကျော်ကို ဂျပန် ခေါ်ယူမယ်

မြန်မာအလုပ်သမား ၁၄၀၀ ကျော်ကို ဂျပန်နိုင်ငံက ခေါ်ယူသွားဖို့ရှိတယ်လို့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လသား ကလေးငယ် အပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင် (မြောက်) ရွာကို တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေး ၁ ယောက် အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ဘုရားသုံးဆူမြို့မှာ ကျားဖြန့်တွေ ခြေမချနိုင်ရေးအတွက် တရုတ်နိုင်ငံသားတွေ ထွက်ခွာဖို့  DKBA သတိပေး

ထိုင်း- မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်မှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဖေဖော်ဝါရီလကုန်ကို နောက်ဆုံးထားပြီး ထွက်ခွါသွားဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ အမှတ်(၂) နည်းဗျူဟာက  ထုတ်ပြန်လိုက်ပါတယ်။
Read More

၁၁၁၁ စစ်ဆင်ရေးတပ်‌ပေါင်းစု (၁)နှစ်ပြည့်မှာ စစ်ဆင်ရေးအတွင်း အသက်ပေး လှူသွားခဲ့တဲ့ သူရဲကောင်းတွေကို KNDF လွမ်းဆွတ် ဂုဏ်ပြု

၁၁၁၁ စစ်ဆင်ရေး (၁) နှစ်ပြည့်ခဲ့တဲ့ ဒီနေ့မှာ နွေဦးတော်လှန်ရေးအတွင်း အသက်ပေးလှူသွားတဲ့ တော်လှန်ရဲဘော်တွေကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (ဖယ်ခုံဇုန်) က ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ဦးဆောင်ပြီး ရှမ်းမြောက်ပိုင်းက (၁၀၂၇) စစ်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့ အနေနဲ့ ၁၁၁၁ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှာ စတင်ဖော်‌ဆောင်ခဲ့တာပါ။
Read More

Justice Soldier PDF တပ်ဖွဲ့မှ သင်တန်းသားသစ်များ စိစစ်ခေါ်ယူနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF တပ်ဖွဲ့က သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။