တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပစ္စည်းခိုးယူ မီးရှို့ဖျက်ဆီးနေတဲ့ အင်အား ၂၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က ရေဖြူမြို့နယ် ဧကနိကျေးရွာကို ရောက်ရှိလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ အောက်တိုဘာ ၁ ရက်မှာ ကျေးရွာ နေအိမ်တွေကို မီးရှို့စဉ် သေဆုံးစစ်သားအလောင်းတွေကိုပါ ထည့်သွင်းမီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်တွေထဲမှာ ကြံ့ခိုင်ရေးပါတီအမတ် ပျူစောထီး နိုင်ဦးရဲ့ နေအိမ်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒေါနတပ်ရင်း၊ တပ်ခွဲ-၆၊ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ရေဖြူမြို့နယ် ‌အ‌ခြေစိုက် ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ယောက် မြင့်မြတ်စွာကျဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ကြောင်းမှ အလံဖြူထောင်သည့် စစ်ကော်မရှင်တပ်သားများကို ဗိုလ်ဒါဘော ကြိုဆို (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလံဖြူထောင်ပြီး ပြည်သူ့ဘက် ရဲရင့်စွာ ရပ်တည်ခဲ့တဲ့ စစ်သားတွေကို ဗိုလ်ကြီးဒါဘောတို့အဖွဲ့က ကြိုဆိုခဲ့တဲ့ မှတ်တမ်းကို Black Panther Column - တပ်ခွဲ ၂ က ထုတ်ပြန်ခဲ့ပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒီဇင်ဘာ ၂၂ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

ဗမာ့တပ်တော် အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ အမှတ်စဉ် (၅/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ် ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က  ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

အမှတ် (၁) စစ်ဒေသ မုံရွာခရိုင်အမှတ် (၃) တပ်ရင်း တပ်ရင်းမှူးမှ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနဲ့ မြေပြင်တပ်မှူးငယ်သင် တန်းအပတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းဂုဏ်ပြုလွှာနဲ့ လက်နက်တပ်ဆင်းခြင်းအခမ်းအနားမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း (ရုပ်/သံ)

''ခင်ဗျားတို့ ကိုယ်တိုင်လည်း မြေပြင်မှာ တိုက်ပွဲတွေ ကြုံခဲ့ပြီးပြီ။ အမိန့်နာခံမှုရှိကို ရှိရမယ်။ ကျွန် တော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ စစ်ကို စစ်နဲ့ တူအောင် တိုက်ရလိမ့်မယ်။ ကျွန်တော်တို့ ရည် ရွယ်ထားတဲ့ ပန်းတိုင်ထိ မရောက်ရောက်အောင် သွားရလိမ့်မယ်''
Read More

ပုလဲမြို့မရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီခွဲအချိန်ခန့်က လက်နက်ကြီး ၅ ဆိုင်းနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ ကျားသစ်နက်တပ်မတော်ထံက သိရပါတယ်။