မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။

သူဟာ “ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဆိုတဲ့ သေတမ်းစာကိုလည်း ချန်ထားခဲ့တယ်လို့ သိရပါတယ်။

ယာယီတပ်ရင်းမှူး ဟိုးကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က တပ်အတွင်း အခန်းထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့တာ ဖြစ်ပါတယ်။

မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းက ရဲဘော် Viper ကတော့ “တိုင်းခရိုင်တွေရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့် အဆုံးစီရင်သွားပါတယ်။ အဓိက pressure ပေးခဲ့တာက ခရိုင်တာဝန်ခံ ဆလိုင်းနဲ့ ခရိုင်ရုံးတာဝန်ခံ ဆွေမွန်မွန်ထက်တို့ပါပဲ” လို့ ဆိုပါတယ်။

ယာယီတပ်ရင်းမှူး ဟိုးကြီးဟာ အသက် ၃၁ နှစ်သာ ရှိသေးပြီး ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် စကားနဲ့တောင် မပြောမဆိုခဲ့ဖူးတဲ့သူဖြစ်ပြီး အများအတွက် တွေးပေးတတ်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။

သူဟာ ၂၀၂၁ မှာ လက်နက်ကိုင်တော်လှန်ရေးထဲကို စတင်ဝင်ရောက်လာသူဖြစ်ပြီး အခုနှစ် ဇူလိုင်လမှာ မင်းဘူးခရိုင် တပ်ရင်း ၃ ရဲ့ ယာယီတပ်ရင်းမှူးဖြစ်လာတယ်လို့ သိရပါတယ်။

“သူ့အတွက် တရားမျှတမှုကို ပြန်လိုချင်ပါတယ်။ မတရားဖိနှိပ်ခဲ့သူတွေကို ပြန်ပြီး NUG အနေနဲ့ ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်။ တလရကို ရှေးရှုပြီး အထက်လူကြီးတွေအနေနဲ့ မြေပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ဆင်းပြီး ဖြေရှင်းမှ အဖြေမှန်ထွက်ပါလိမ့်မယ်” လို့ ရဲဘော် Viper ကဆိုပါတယ်။

အဆိုပါ အဆုံးစီရင်မှုဟာ ဟိုးကြီး ယာယီတပ်ရင်းမှူးအဖြစ် တာဝန်မယူခင် အရင်တပ်ရင်းမှူး ကိုသုဝဏ်ကို ခရိုင်က ဖမ်းဆီးမှုနဲ့ ဆက်စပ်ပြီး ဖိအားများတာကြောင့် ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မောင်း အနေနဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ရဲဘော် Viper ကပဲ “ အေးချမ်းစွာ… ငြိမ်းချမ်းစွာ အနားယူပါတော့ အကိုရေ… ကောင်းရာမွန်ရာရောက်မယ်ဆိုတာလည်း ယုံကြည်ပါတယ်” လို့ ဆန္ဒပြုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပြတ်ကျေးရွာတိုက်ပွဲတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃) မှ ရဲဘော် ၄ ဦးကျဆုံးခဲ့

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ တောင်ပြတ်ကျေးရွာတိုက်ပွဲမှာ  အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင်တပ်ရင်း ၃ (Myanmar Defense Force) က ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် ဂုဏ်ယူသည်ဟု အငြိမ်းစား ထိပ်ပိုင်း စစ်တပ်အရာရှိများ ပြော

တိုင်းပြည်ကို မတရားအာဏာသိမ်းကာ နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
Read More

မူးယစ်ဆေးသယ်ဆောင်လာသူများနှင့် တာဝန်ရှိသူများကို CDF- Hakha အရေးယူသွားမည်၊ ထောက်ခံစာထုတ်ပေးခဲ့သည်မှန်သော်လည်း မူးယစ်ဆေးသယ်ဆောင်မှုဟာ ပုဂ္ဂလိက လုပ်ရပ်သာဖြစ်ကြောင်းနှင့် တာဝန်ယူဖြေရှင်းသွားမည်ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၁၅) တပ်ရင်းမှူးပြော

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၅ ယောက်ကို Chinland Council ရဲ့အောက်ကနေ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ကျန်ရှိတရားခံတွေကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေကြောင်း Chinland Defense Force – Hakha ရဲ့ အထွေထွေအတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

ဝက်လက်မှာ ကင်းတံခါးလာပိတ်တဲ့ စစ်အုပ်စုတွေ ပစ်ခတ်ခံရပြီး ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကင်းတံခါးပေါက် လာပိတ်တဲ့ စစ်ကောင်စီတပ်​ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး ၃ယောက်သေဆုံးသွားကြောင်း ကြောင်လက်သည်းအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံနေပြီး အမ်း နပခ အဆောက်အအုံ မီးလောင်ကျွမ်းနေတဲ့ ရုပ်သံ AA ထပ်မံထုတ်ပြန်

အမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံရဲ့ နေရာတချို့ မီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၇ ရက် မနေ့က ညဦးပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားကြမည်ဟု အလယ်ပိုင်းဒေသ တော်လှန်ရေးတပ်များ အသီးသီး ထုတ်ပြန်

တနိုင်ငံလုံး စစ်ကျွန်ဘဝက လွတ်မြောက်ပြီး ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်သွားမယ့်အကြောင်း အလယ်ပိုင်းဒေသတွင်းက တော်လှန်ရေးတပ် အသီးသီးက ထုတ်ပြန်လာကြပါတယ်။