စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်မှာ အိမ်စီးကားတစီးနဲ့ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲတွေကို တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ရာ ရဲအရာရှိ ၃ ယောက်အပါအဝင် ရဲ ၄ ယောက် သေဆုံးခဲ့ပြီး လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team ထံက သိရပါတယ်။ 

တိုက်ခိုက်မှုကို အောက်တိုဘာလ ၄ ရက် မနက်ပိုင်းအချိန် မုံရွာမြို့၊ သာစည်လမ်းနဲ့ အက်တော အဝိုင်းပတ်နေရာမှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်ချိန်မှာ ရဲတွေက လမ်းပေါ်မှာ ဆက်ကြေးကောက်ခံနေတာဖြစ်ပြီး ဒုရဲအုပ်အပါအဝင် ရဲအရာရှိ ၃ယောက်နဲ့ ရဲတပ်သား ၁ယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

“ပစ်ကွင်းမကောင်းတဲ့ကြားက အသာစီးရခဲ့လို့ ပြီးပြတ်အောင် လုပ်နိုင်သွားတာပါ။ ဒီမစ်ရှင်အတွက် အချိန်တော်တော်လေး ယူထားရပါတယ်” လို့ Budalin Mobile Team တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

အဲဒီနောက်သေဆုံးသွားတဲ့ ရဲတပ်သားတွေရဲ့ အလောင်းတွေကို ကားပေါ်တင်ပေးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် BA.63 (ခေါ်) G3 (၂) လက် နဲ့ ၉မမ ပစ္စတို (၁) လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ (၁) ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲနဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ်-ပလဖ)၊ ကျောင်းသားတပ်တော် (SAF)၊ Budalin Mobile Team- BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နှင့်အတူ လူလုပ်ကပ်ဘေး စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရဟု NUG ယာယီသမ္မတ ပြော

မြန်မာပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နဲ့အတူ လူလုပ်ကပ်ဘေးဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေပြီး ခဲယမ်းများရရှိ

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာပို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားတွေကို စောင့်ကြိုတိုက်ခိုက်ရင်း လုံခြုံရေးယူစစ်ကောင်စီတပ်သားတွေနဲ့ပါ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လွတ်ရက်စေ့ပြီး ပြန်လွတ်လာသည့် နိုင်ကျဥ်း ၅ ဦးကို ထောင်ဗူးဝတင် စစ်အုပ်စု ပြန်ဖမ်း၊ မတရား အမှုထပ်ကပ်ကာ အကျဉ်းထောင် ပြန်ပို့ထား

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာဝတီအကျဉ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်ကို စစ်အုပ်စုက ထောင်ဗူးဝမှာတင်ပြန်လည်ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မနဲ့ ထပ်မံတရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်ရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်း - မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) က တပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်၊ ပျူစောထီး ၃ ယောက်နဲ့ ရဲ ၁ ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ သာယာကုန်းရဲစခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ပျူစောထီး ၄ ယောက်နဲ့ ရဲ ၁ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက တောရဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ လက်ရုံးတပ်က ထုတ်ပြန်ပါတယ်။