၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေများစွာ ကွာဟနေတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မဲစာရင်းမှာ မှားယွင်းမှု များပြားနေတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်နယ်မြေဥက္ကဋ္ဌ ဘူးလက်လှဆွေက မနေ့က လူမှုကွန်ရက်ကတဆင့် ဝေဖန်ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ သွားရောက်စစ်ဆေးကြည့်တဲ့အခါ လူဦးရေ ၅၀၀ မှာ လူဦးရေ ၃၀၀ လောက် မဲစာရင်းတွေ မှားယွင်းနေတယ်လို့ ဘူးလက်လှဆွေက ပြောပါတယ်။

“မဲစာရင်းတွေ ကပ်ထားတာ သွားကြည့်တယ်။ တော်တော်များများ လွဲနေတယ်။ ဘယ်လိုလွဲတာလဲဆိုတော့ ၂၀၂၀ တုန်းက မဲစာရင်းအဟောင်းကြီးလို့ယူဆရတယ်။ အခု အသစ်ပြန်ကောက်တဲ့ ဒီရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ပြန်ကောက်တဲ့စာရင်းတွေမဟုတ်ဘူး။ ကွာတာက တော်တော်ကွာတယ်။ ၅၀၀ မှာ ၃၀၀ လောက်ကွာတယ်။ ဒါက သိပ်မကောင်းဘူး။ ဥပမာ. မင်္ဂလာဒီပလို ရပ်ကွက်မျိုးမှာဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတောင် မပါဘူးဗျာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့မိသားစုက မဲစာရင်းမပါဘူး။ ကျန်တဲ့လူတွေ ပြောမနေနဲ့။ အဲဒီလိုတွေဖြစ်တယ်။ သေသွားတဲ့သူတွေ ပြန်ပါနေတာရှိတယ်။ နောက်တခါ အပြီးပြောင်းသွားတဲ့သူတွေ။ အဲ့ဒီလူတွေလည်း ပြန်ပါနေတယ်… ကွာတာက တော်တော် ကွာတာ။ ၅၀၀ မှာ ၃၀၀ လောက် ကွာနေတာ၊ ဒါက သိပ်မကောင်းဘူး” လို့ ဘူးလက်လှဆွေက ပြောဆိုထားပါတယ်။

မဲစာရင်းတွေမှာ တစ်မြို့နယ်ကို ရာဂဏန်းကျော် ကွာဟနေပြီး မဲစာရင်းမှားယွင်းမှုများတဲ့အတွက် စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းတွေကို ပြန်လည် ပြုပြင်ရမယ်လို့လည်း ဘူးလက်လှဆွေက ပြောပါတယ်။

“နောက်တစ်ခါ လွှတ်တော်ကိုယ်စားလှယ် ၁ ဦးပဲပါတယ်။ သူ့မိသားစုကျတော့ မပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တောင် အားနာလို့ ထည့်ပေးလိုက်လားမသိဘူး။ အဲဒီတော့ UEC က ဒီမဲစာရင်းတွေက တော်တော်ကို မှားနေတယ်။ တော်တော်ကို ပြန်ပြင်ရမယ်။ အဲဒါတွေ့တယ်။… တစ်မြို့နယ် တစ်မြို့နယ်ကို ရာနဲ့ချီပြီးတော့ ကွာခြားနေတယ်။ ဒါလေးတော့ အားထုတ်ပြီးတော့ လုပ်ရမယ် UEC က” လို့ ဘူးလက်လှဆွေက ပြောဆိုထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပေမယ့် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်က မဲစာရင်းမှားယွင်းတယ်ဆိုပြီး အာဏာသိမ်းခဲ့ပြီးနောက် စစ်အုပ်စုက အခုလာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပဖို့ ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လေတပ်ဗိုလ်ကြီးကို PLA ပစ်ခတ်ရှင်းလင်း

စစ်ကောင်စီရဲ့ လေတပ်ဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်၊ ပန်းသင်းရွာက ပျူစောထီးကို ပစ်ခတ်ရှင်းလင်း…

ပဲခူးတိုင်း၊ ပေါင်းတည်းမြို့နယ်၊ ပန်းသင်းရွာမှာ ပြည်သူတွေကို ဒုက္ခပေးတဲ့ ပျုစောထီးဖြစ်သူ အေးမင်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁)၊ ကွပ်ကဲမှု အောက်ရှိ (၃၆၀၁) တပ်ရင်း တပ်ခွဲ (၂) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Senthang Revolution Force (SRF) ၏ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Senthang Revolution Force (SRF) ရဲ့ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲကို ဇွန်လ (၁၁) ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်း၊ မကျီးပင် စစ်ဆေးရေးဂိတ်မှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။
Read More

TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးတွင် ရွာစဥ်လှည့်မီးရှို့သည့် စစ်ကြောင်းနှင့် PDF များတိုက်ပွဲဖြစ်ပွား၊ စစ်အုပ်စုဘက် ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရွာစဥ်ပတ် မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက်သေဆုံး ခဲ့တယ်လို့ Black Eagle PDF (Bagan) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။