ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ထဲကို ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်(၆) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၆ ရက် ဒီနေ့ မနက်ပိုင်းမှာ နမ္မတူမြို့၊ မြို့မဈေးရပ် ရက်ကွက်(၂) က ပြည်သူလူထု တည်ရှိရာကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နမ္မတူမြို့ရှိ နေအိမ် (၆) လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၂)ရက်ကလည်း နမ္မတူမြို့မှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ပြည်သူ (၄) ယောက် သေဆုံးပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက် ရရှိထားတဲ့ နေရာတွေမှာ အကြမ်းဖက်မှု အမျိုးမျိုး နဲ့ ပြည်သူတွေ အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၃၉) ဦး သေဆုံး

မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်၊ ဖားဆောင်း PDF တပ်တည်ထောင်မှု (၂)နှစ်ပြည့် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် မတော် ဖားဆောင်း တပ်ရင်းအမှတ် (၁၁၀၈ )တပ်တည်ထောင်မှု (၂) နှစ်ပြည့် အခမ်းအနားကို နို၀င်လာ ၃၀ မနေ့က ပြုလုပ်ခဲ့ပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းအနေနဲ့ ၂၀၂၄ က အားနည်းချက်တွေ ပြင်ဆင်ပြီး တိုက်ပွဲတွေမှာ ပိုမိုအားစိုက်မယ်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက (၂) လ တစ်ကြိမ် ပြုလုပ်နေတဲ့ တပ်ရင်းအစည်းအဝေးကို တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့တကွ တပ်စု၊ တပ်ခွဲ အသီးသီးက တပ်မှူးတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ဗိုလ်မှူးအပါ စစ်ကောင်စီတပ်သား ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ အရာရှိအဆင့် ဗိုလ်မှူး (၁) ယောက်အပါအဝင် တပ်သားနဲ့ရဲ (၆၄) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မုဒုံမှာ စစ်ကောင်စီရဲ့ အမြောက်တပ်ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက် သေဆုံး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ - ၃၁၈ ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ က ဒီနေ့ ထုတ်ပြန်ပါတယ်။