မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD / RMA) က ဦးဆောင် ဖွင့်လှစ်သင်ကြားပေးတဲ့ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း (Close Quarters Battle – CQB) အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၄) ရက်က လွတ်မြောက်နေရာတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို NMSP-AD / RMA ရဲ့ ဥက္ကဌ နိုင်ဇေယျ၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ သင်တန်းဆရာ သက်နိုင်လင်း၊ အခြားသင်တန်းဆရာတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
NMSP-AD / RMA ရဲ့ ဥက္ကဌ နိုင်ဇေယျ၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောနဲ့ သင်တန်းဆရာသက်နိုင်လင်းတို့က သင်တန်းဆင်းရဲဘော်တွေကို ခွန်အားဖြည့် အားပေးတဲ့ မိန့်ခွန်းတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်း ရဲဘော်တွေဟာ သင်တန်းကာလအတွင်း အခက်အခဲတွေကို ဇွဲ၊ လုံ့လ၊ဝီရိယတို့နဲ့ ကျော်ဖြတ်ခဲ့ရပြီး သင်တန်းကာလတလျှောက်လုံး စွမ်းဆောင်ရည်ကို ပြသတဲ့အနေနဲ့ စစ်ရေးသရုပ်ပြမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် တပ်ရင်း ၄ ၏ အပတ်စဥ် (၁၁) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ အပတ်စဥ် (၁၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

စစ်ဆေးမှုကို လက်မခံဘဲ ထွက်ပြေးသည့် တပ်ကြပ်ကြီးဟောင်းတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ရေစကြိုမြို့အထွက်မှာ စစ်ဆေးမှုကိုလက်မခံဘဲ ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်ကြပ်ဟောင်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ ဆီက သိရပါတယ်။
Read More

စစ်အုပ်စုက ဒေသခံပြည်သူ ၄ ဦးကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး ကိုယ်လက်အင်္ဂါများဖြတ်တောက်

“သူတို့ဘယ်လို ဖမ်းဆီးခံလိုက်ရလဲတော့ သေချာမသိပါဘူး၊ သူတို့ရွာ နဲ့ ကပစ ၂၄ က နီးတယ်၊ စစ်ကြောင်းရွာထဲကို ရုတ်တရက်ဝင်လာချိန် အဖမ်းခံလိုက်ရတာနဲ့ တောင်ယာလုပ်ရင်း အဖမ်းခံရတာ အဲ ၂ ခုထဲက တစ်ခုခုပါပဲ” လို့ မကွေးတိုင်း ပကဖ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဆားလင်းကြီးမှာ ဝမ်ပေါင်ကုမ္ပဏီစောင့် စစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့  Monywa Inventor အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ အရည်အသွေးမြင့်အောင် ထုတ်လုပ်ရန် မင်းအောင်လှိုင် မှာကြား 

လက်ရှိအသုံးပြုနေတဲ့ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို အရည်အသွေးမြင့်အောင် ထုတ်လုပ်ဖို့ ကြိုးစားရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ယူနက်စကိုစာရင်းဝင် ပုဂံရှေး​ဟောင်းနယ်မြေထဲကို စစ်ကောင်စီ စတင်လေကြောင်းတိုက်ခိုက်၊ ရေစကြိုမှာလည်း သာဂေါင်ရွာ ဒုတိယအကြိမ် ဗုံးကြဲခံရပြီး နေအိမ်တွေ ထိခိုက်ပျက်စီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။