မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးစဉ်ကြီးကျေးရွာဘက်ကို အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုး လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Taung Tha People Defense Force မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်က မလှိုင်-ပန်းအိုင်ကနေ ရုံးစဉ်ကြီးကျေးရွာဘက်ကို အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ရုံးစဉ်ကြီးနဲ့ ပန်းအိုင်ကြား ဆင်ခြေရာဘုရားအနီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်စစ်ကြောင်းမှ ဗိုလ်ကြီး ၁ ဦးအပါအဝင် အများအပြားသေဆုံးပြီး နောက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ပြန်လည်စုဖွဲ့ပြီး ထပ်မံထိုးစစ်ဆင်လာရာ ရုံးစဉ်ကြီး ကျေးရွာသို့ ဝင်ရောက်သွားခဲ့ပြီး ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ခုခံတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ရပြီး Taungtha People Defence Force(TTA PDF)၊ Bravo Team(မိတ္ထီလာ)၊ DSNDA(ဓနုတပ်ဖွဲ့)နဲ့ မြင်းခြံခရိုင်တပ်ရင်း (၃)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Taung Tha People Defense Force

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၂ ရက် မနေ့ နေ့လည်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ထံက သိရပါတယ်။
Read More

မိသားစုနှင့် ပြန်ဆုံဖို့ CDM မှာ ပါဝင်စို့ (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မစစ်တပ်ထဲ ရောက်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်ကာ CDM ပြုလုပ်ခဲ့ကြတဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်ရင်း ပြည်သူ့စစ် ၃ ယောက်ရဲ့ အတွေ့အကြုံတွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
Read More

သေဆုံးသူ စစ်ကော်မရှင်တပ်သားများ၏ လက်နက်များကို အမိန့်စာထုတ်ပြန် (ရုပ်/သံ)

သေဆုံးသွားပြီဖြစ်တဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့ လက်နက်တွေကို သိမ်းဆည်းရရှိတဲ့အခါ အမိန့်စာထုတ်ပြန်ပြီးမှ ပြန်လည်အသုံးပြုတယ်လို့ Union Liberation Front စစ်ကြောင်းက အောက်တိုဘာ ၂၁ ရက်မှာ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

မိုင်းလာရှင်းသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်အတွင်း စစ်တပ်ယာဉ်တွေကို တိုက်ခိုက်ဖို့ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းကို လာရောက်ရှင်းလင်းတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် ၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေးငယ်တွေအတွက် ဘေးကင်းလုံခြုံတဲ့ ကျောင်းများ တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီကြဖို့ ပိုင်ဖြိုးသု တိုက်တွန်း (ရုပ်/သံ)

မြန်မာနိုင်ငံအတွင်း ကလေးငယ်တွေ လုံခြုံစွာ ပညာသင်နိုင်ဖို့အတွက် ဘေးကင်းလုံခြုံတဲ့ ကျောင်းတွေတည်‌ဆောက်နိုင်ရေး အားလုံးဝိုင်းဝန်းကူညီကြဖို့ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက တိုက်တွန်းလိုက်ပါတယ်။
Read More

တိုက်ပွဲ ၃ လကျော် ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့တွင်းအခြေအနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး မတ်လ ၁၂ ရက်နေ့က အထက ၂၊ ရုံးကြီးတစ်ဝိုက်နဲ့ စကစ ၂၁ အတွင်းပိုင်းတွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးခဲ့တယ်လို့ Banmaw Scout Team ရဲ့ ဖော်ပြချက်အရ သိရပါတယ်။