ထားဝယ်အကျဥ်းထောင်မှာ အောက်တိုဘာ ၃ ရက် ညပိုင်းက နိုင်ငံရေးအကျဥ်းသား ၁ယောက် နှလုံးဖောက်ပြီး သေဆုံးသွားခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံက ထုတ်ပြန်ထားပါတယ်။

သေဆုံးသူဟာ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာက အသက် ၄၈ နှစ်အရွယ် ဦးအောင်ကိုဦးဖြစ်ပြီး သူက ၂၀၂၁ ခုနှစ် နှစ်စပိုင်းကတည်းက ထားဝယ်ထောင်မှာ ပုဒ်မ ၅၀၅ (က)၊ ဖောက်ခွဲ ၅ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၈နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

သူဟာ အကျဥ်းကျနေချိန် ကျန်းမာရေးအခြေအနေဆိုးရွားတာကြောင့် မကြာခဏ ဆေးရုံတက်ကာ ကုသမှုခံယူခဲ့ပေမယ့် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် ရောဂါအခြေအနေ မသက်သာဘဲ ပိုမိုဆိုးရွားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူက နေမကောင်း ခဏခဏဖြစ်တယ်။ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်လောက်အတွင်းမှာ ပိုဆိုးလာတယ်လို့ သိရတယ်။ အဲဒီကာလမှာ ဆေးရုံခေါ်ထုတ်တာရှိတယ်လို့ပြောတယ်။ ဒါဟာ ပထမတစ်ကြိမ်ခေါ်ထုတ်တာတော့ မဟုတ်ဘူး။ အရင်ကလည်း ခေါ်ထုတ်တာရှိတယ်။ ၃ ၊ ၄ ကြိမ်လောက်ရှိမယ်လို့ ယူဆတယ်။ သူတို့ကုသမှုကလည်း သိတဲ့အတိုင်းပဲ၊ ဆေးရုံခေါ်ထုတ်ပြီးတော့ နည်းနည်းသက်သာရင် အထဲကို ပြန်သွင်းတာမျိုး‌ပဲဆိုတော့ ထိရောက်တဲ့ကုသမှု မရှိဘူးပေါ့လေ။ နောက်ဆုံးတစ်ကြိမ်ကကျတော့ တော်တော်လေး ဆိုးဆိုးရွားရွားဖြစ်ပြီးတော့ အခုလိုမျိုး နှလုံးဖောက်တဲ့အထိဖြစ်တာပေါ့” လို့ ထားဝယ်ထောင်မှာ ကျခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်က မောင်းကို ပြောပါတယ်။

ဦးအောင်ကိုဦးဟာ အောက်တိုဘာ ၃ ရက် ညပိုင်းမှာ ထားဝယ်ပြည်သူ့ဆေးရုံက အကျဥ်းသားတွေကို ကုသပေးတဲ့အဆောင်မှာ ဆေးကုသမှုခံယူနေချိန်မှာပဲ နှလုံးဖောက်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“မိသားစုကိုဆက်သွယ်ပြီးတော့ အလောင်းကတော့ပြန်ရတယ်။ သင်္ဂြိုဟ်ခွင့်ပေးတယ်လို့သိရတယ်။ သူက ထောင်ထဲကိုရောက်တာ အာဏာသိမ်းပြီး သိပ်မကြာခင်ကတည်းကရောက်တာဆိုတော့ အထဲမှာလည်း နှစ်ကြာနေပြီဆိုတော့ ရောဂါက နဂိုအခံရှိရင် အထဲရောက်ရင်ပိုဆိုးတယ်လို့ ပြောလို့ရမယ်။ အထဲမှာ သူနေထိုင်စားသောက်ရတဲ့အခြေအနေနဲ့ ရောဂါက ပိုဆိုးတယ်။ အထဲက အခြေအနေကြောင့်ပဲ သေဆုံးတာပေါ့လေ” လို့ အထက်ပါ နိုင်ကျဥ်းဟောင်းက ဆက်ပြောပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့ လုံလောက်တဲ့ ဆေးဝါးကုသပေးမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရရှိတာကြောင့် အကျဥ်းကျနေချိန်အတွင်း ဦးအောင်ကိုဦးအပါအဝင် သေဆုံးသူ ၃ ယောက်အထိ ရှိပြီဖြစ်တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကိုထိန်လင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris တို့ ဒီနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြပါတယ်။
Read More

စစ်ကောင်စီရဲ့ ပခုက္ကူ – မြိုင် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်းအတွင်း ပခုက္ကူ - မြိုင်အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေးအဖြစ် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမ်းကို စစ်ကူပို့တဲ့ စစ်ကောင်စီတပ်သားတွေ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံနေရပြီး ရခိုင်ရိုးမထဲ ကစဉ့်ကလျား ထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ အမ်းကို စစ်ကောင်စီက ကုန်းလမ်းကရော ဝေဟင်ကပါ စစ်ကူတွေပေးပို့နေပေမယ့် ကြားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကူတွေ မရောက်ရှိတဲ့ အခြေအနေမျိုးစုံနဲ့ ကြုံတွေ့နေရကြောင်း CDM စစ်တပ်အရာရှိတွေ က ပြောပါတယ်။
Read More

TNLA ထိန်းချုပ်ထားသည့် မြို့များမှာ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅)ဦးနှင့် ရောင်းဝယ်သူ (၇)ဦး ဖမ်းဆီးနိုင်ခဲ့ဟု TNLA ထုတ်ပြန်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က နမ့်ခမ်းမြို့နယ်၊  မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နဲ့ မိုင်းယော်မြို့နယ်မှာ ဖေဖော်ဝါရီလ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅) ယောက်နဲ့ ရောင်းဝယ်သူ (၇) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှာ ရက္ခိုင့်တပ်တော် AA က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေး ဆောင်ရွက်နေ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ AA တပ်ဖွဲ့ဝင်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူတွေ လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Read More

စလင်းမှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်သည့် ဒုရဲအုပ်အမျိုးသမီး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ဒုရဲအုပ် လဲ့လဲ့စိုးပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရပါတယ်။