စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်ရှိ တဂဏန်းကျေးရွာသို့ ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ် သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး ၄ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း-၂၆ က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂ ရက် မနက်ပိုင်းက တပ်မ ၃၃ လက်အောက်ခံ စခတ ၈ ကနေ အင်အား ၆၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ရွှေဘိုမြို့ တောင်ဘက် တဂဏန်းကျေးရွာသို့ ဝင်ရောက်လာချိန် ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်စစ်ကြောင်းရဲ့ တပ်ကြပ်ကြီးစံထွေးအပါအဝင် ၇ ယောက်သေဆုံးပြီး ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်ကြပ်အဆင့် ၁ ယောက်နဲ့ ပြည်သူ့စစ် ၃ ယောက်ဖမ်းဆီးရမိခဲ့ပြီး ၆၀ မမ ကွန်မန်ဒိုပြောင်း ၁ လက်၊ MA-3 ၁ လက်၊ MA-1 ၁ လက်၊ ၆၀မမ အဖူး ၁ ဖူး၊ RPG-7 အဖူး ၂ ဖူး၊ ကျောလွယ်ဂျမ်ဘာ ၁ ခု၊ ၅.၅၆ကျည် ၁၀၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆ – Together We Can)နဲ့ ရွှေဘိုခရိုင် အမှတ်(၄)တပ်ရင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ်(၅) ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Northern Tiger Group ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – ရွှေဘိုခရိုင် တပ်ရင်း-၂၆

0 Shares:
You May Also Like
Read More

ဆိပ်ဖြူမြို့နယ် စိန်ပန်းကုန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် စိန်ပးန်ကုန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တော်လှန်ရေတပ်တွေ အသင့်ပြင်ထားတဲ့ နေရာသို့ ဝင်ရောက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြိုပေါ်ကနေ သာယာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်၃တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက်က တောင်သာမြို့ပေါ်ကနေ သာယာကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်ပြင်ထားနေရာသို့ အရောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆင်သင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၅၁၁) တပ်သား- ခန့်ဝင်းနိုင်၏ ပြောကြားချက် (ရုပ်/သံ)

''ရွှေတောင်မြို့နယ် သမန်ကုန်းကျေးရွာမှာ အုပ်ကြီးကို သတ်ပြီး ရှောင်ပြေးခဲ့ပါတယ်။ သတ်ရတဲ့ အကြောင်းအရင်းက အုပ်ကြီးက တစ်အိမ်တက်ဆင်း စစ်ကောင်စီထဲမဝင်ချင်ရင် ၂ သောင်းခွဲ ၃ သောင်း လိုက်ကောက်နေတဲ့အတွက် လုံးဝအဆင်မပြေတဲ့အချိန်မှာ သူ့ကို သတ်ပစ်ခဲ့ရတာပါ"
Read More

ဘုတလင်မြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိ အကြမ်းဖက် ဘီလူးစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄၃ ယောက် ဖမ်းဆီးရမိပြီး ၃၅ ယောက်သေဆုံးကာ လက်နက်အများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စက်တင်ဘာ ၃၀ ရက်က အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဘုတလင်-ကူတော် လမ်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ BOB - Battalion Of Budalin တပ်ဖွဲ့ထံက သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြား ဖမ်းဆီးရမိ (ရုပ်/သံ)

ဝေါ်လေဗျူဟာစခန်းကနေ သေ့ဘောဘိုးစခန်းဆီ စစ်ကူလာတဲ့ အင်အား (၇၀)ပါ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် PDF ဗျူဟာ ၃၂ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၆၀၄ ဒုံးတပ်ရင်းကို အောက်တိုဘာ ၁၃ ရက် ညပိုင်းအချိန်က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်PDFစစ်ကြောင်း တပ်ရင်း(၉၀၁)ထံက သိရပါတယ်။