ရေစကြိုတပ်ပေါင်းစုမှ ရဲဘော်တွေအတွက် အောင်ပန်းဝေစေရှင်မတောင်မြေ ကမ်ပိန်းကနေ ရရှိတဲ့ ထောက်ပို့ငွေတွေနဲ့ ကျည်ကာပြား၊ ကျည်ကာဦးထုပ်၊ အီကွေ့မန့်၊ ယူနီဖောင်း၊ ခါးပတ် နဲ့ ပွိုင့်ဖိနပ်တွေကို ဝယ်ယူအားဖြည့် တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းပြည်ပ ညီကိုမောင်နှမတွေ ကူညီပံ့ပိုးပေးတဲ့ ကမ်ပိန်း ရရှိငွေကနေ ကျည်ကာဦးထုပ် ၃၅လုံး၊ ကျည်ကာပြား ၃၅ စုံ၊ အီကွေ့မန့် ၃၅ စုံ၊ ယူနီဖောင်း ၁၄စုံ၊ ခါးပတ် ၃၅ခု၊ ပွိုင့်ဖိနပ် ၃၅ ရံ တို့ကို ဝယ်ယူတပ်ဆင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို တပ်ဆင်ပေးတာကြောင့် ရေစကြိုတပ်ပေါင်းစု ရဲဘော်တွေအနေနဲ့ စစ်မြေပြင်ရှေ့တန်းတာဝန်တွေကို စိတ်လုံခြုံမှုရှိစွာ ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

ရေစကြိုတပ်ပေါင်းစုအနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ရင်းတပ်ဖွဲ့တွေရဲ့ အရံအင်အားအဖြစ် တော်လှန်ရေ‌အောင်မြင်တဲ့အထိ အရှိန်အဟုန်မပြတ် ပူးပေါင်းပါဝင်တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်အုပ်စု ရှိနေသည့် အဆောက်အဦးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၈ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲနေတဲ့ အဆောက်အဦးကို ဒရုန်းနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၈ ယောက် သေဆုံးခဲ့ကြောင်း တောကျီးကန်း (၇) ကောင် တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကစားစရာ သေနတ်နှင့် အမှုတည်ဆောက်ပြီး ၆ နှစ်ကလေးကိုပါ ဖမ်းထားသည့် စစ်ကောင်စီ 

စစ်ကောင်စီဟာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ယောက်ကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ သတင်းထောက် မထက်ထက်ခိုင်နှင့် အဆိုတော် သံသာဝင်းတို့ ပြန်လည်လွတ်မြောက်လာ

အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲက ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ သတင်းထောက် မထက်ထက်ခိုင်နဲ့ အဆိုတော် သံသာဝင်းတို့ အကျဥ်းထောင်တွေကနေ  ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။
Read More

ပြည်သူအပေါ် ဖိနှိပ်နေသည့် စစ်အုပ်စုကို နောက် ၅နှစ်အတွင်း နည်းပညာမြှင့်တင်မှုများ ပိုမိုပံ့ပိုးရန်ရှိကြောင်း တရုတ် ပြော

လာမယ့် ၅ နှစ်အတွင်း တရုတ်က မြန်မာနိုင်ငံအတွင်း နည်းပညာမြှင့်တင်ရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်လုပ် ဆောင်သွားဖို့ရှိပြီး ခေတ်မီနည်းပညာပံ့ပိုးကူညီမှုတွေ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရုံး တာဝန်ခံ မစ္စတာ ကျောင်းဟွေ့က ပြောဆိုလိုက်ပါတယ်။
Read More

မြင်းကျဒိုးကျေးရွာမှ ပျူစောထီးလက်ထောက် ၁ ဦး ဖမ်းဆီးခေါ်ဆောင်ခံလာချိန် ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်း…

"ဒီကောင်က တော်တော်ဆိုးတယ်။ အနီးအနားကရွာတွေထဲဝင်ပြီး PDF တွေရှိလား။ လူစိမ်းတွေဝင်လားဆိုပြီးထောက်လှမ်းတယ်။ သတင်းပေးတယ်ပေါ့။ ရှင်းတဲ့နေ့ကလည်း အမှန်ဆို သားအဖ၂ယောက်လုံးကိုဝင်ဖမ်းတာပါ။ ဒါပေမယ့်သားလုပ်သူက အိမ်ကနေ ထွက်တာစောသွားတယ်။ သေနတ်ကလည်းသားဆီမှာပါသွားတာပေါ့။ ရဲဘော်တွေနောက်ကျသွားတော့ ကျော်မဲကိုပဲမိတာပါ။ အဲ့တာအေးဆေးစစ်​ဆေးဖို့ခေါ်လာတာကို လက်မခံပဲရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်ပြီး ပြန်ခုခံလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာပါ။" လို့ ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

မြောက်ဦးဆေးရုံ ဗုံးကြဲမှုကို AA စစ်စခန်းဖြစ်သည့်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်က ထုံးစံအတိုင်း လိမ်လည်ဝါဒဖြန့်

ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုဟာ အာရက္ခတပ်တော်(AA) က စစ်စခန်းအဖြစ် အသုံးပြုနေတာကြောင့်ဖြစ်ကြောင်းနဲ့ ထိခိုက်သေဆုံးသူတွေဟာ AA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေသာဖြစ်ကြောင်း စစ်အုပ်စုက ထုံးစံအတိုင်း လိမ်လည်သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မှာရှိတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကြီးပေါ်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၁စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသနေတဲ့ လူနာများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃၃ယောက်သေဆုံးကာ ၇၆ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။