မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့အတွက် ဂန့်​ဂေါမြို့ပေါ်မှာ စစ်အုပ်စုက ရွေးကောက်ပွဲအကြို ပြင်ဆင်တာမျိုးတွေ လုပ်ဆောင်လာပေမယ့်လည်း ပြည်သူလူထုစိတ်ဝင်စားမှုမရှိကြောင်း ယောအလင်းတန်းနဲ့ ဒေသခံတွေက မောင်းသတင်းဌာနကို ပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အတုအယောင်​ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ယောဒေသအတွင်းက ဂန့်ဂေါမြို့ပေါ်မှာလည်း ရပ်ကွက်ရုံးတွေအလိုက် မဲပေးရမယ့်စာရင်းတွေ ကပ်ထားသလို ရပ်ကျေးအာဏာပိုင်တွေ နေ့ခင်းဘက်ရုံးထိုင်ရာမှာ ရဲ ၂ ယောက်စီနဲ့ လုံခြုံရေးတိုးမြှင့်ထားတာတွေ ရှိတယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ရွေးကောက်ပွဲဝင်ရောက်မယ့် လက်ပါးစေပါတီဝင်တွေသာ အတုယောင်ရွေးကောက်ပွဲအတွက် အားကျိုးမာန်တက်လုပ်ဆောင်နေပေမယ့်လည်း အရပ်သားတွေကတော့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိဘူးလို့လည်း​ သိရပါတယ်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကစလို့ ဂန့်ဂေါမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ရွေးကောက်ပွဲအတွက် မဲပေးနိုင်ကြသူများစာရင်းတွေ ကပ်ထားတယ်လို့သိရတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ သွားမကြည့်ဘူး။ အယုံကြည်လည်းမရှိဘူး။ ပြည်သူ့ဆန္ဒမပါတဲ့ အတုယောင်ရွေးကောက်ပွဲ ဖြစ်နေလို့ပါ။” လို့ ဂန့်ဂေါဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ကနဦးအနေနဲ့ ယောဒေသအတွင်းက ထီးလင်း၊ ဆောနဲ့ ဂန့်​ဂေါမြို့တွေမှာ အတုယောင်ရွေးကောက်ပွဲလုပ်ဖို့ စစ်အုပ်စုက လျာထားခဲ့ပေမယ့်လည်း နီးကပ်လာချိန်မှာတော့ နယ်မြေထိန်းချုပ်မှုပိုများတဲ့ ဂန့်ဂေါမှာဘဲ ရွေးကောက်ပွဲ လုပ်ဆောင်ဖို့ ရှိတော့တာဖြစ်ပါတယ်။

ဂန့်​ဂေါမြို့နယ်ကနေ လွှတ်တော်အမတ် ဝင်ပြိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်ထံ စာတင်ထားသူတွေရှိနေပေမယ့်လည်း အကြမ်းဖက် စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီကသာ အဓိကထား ရွေးချယ်ခံဖို့ရှိကြောင်း ယောအလင်းတန်းတာဝန်ရှိသူ ၁ ယောက်က ပြောပါတယ်။

“ဂန့်ဂေါမှာက ကြံဖွတ်လောက်ပဲရှိပါတယ်။ ကျန်တဲ့ပါတီတွေက သိပ်မ​​ဖြစ်နိုင်ဘူး။ တသီးပုဂ္ဂလတွေလည်း မကြားမိသေးဘူး။ နောက်ပြီး ယောမှာက နယ်မြေလည်း ကျဥ်းတယ်။ ဝင်ပြိုင်ရဲတဲ့သူ သိပ်မရှိလောက်ဘူး။ ယောနယ်တစ်နယ်လုံး အတိုင်းအတာအရ ဂန့်ဂေါတစ်မြို့နယ်ဘဲ လုပ်မှာ။ အဲဒါကြောင့် ဂန့်ဂေါမြို့ပေါ်က ရပ်ကွက်ရုံးတွေနဲ့ မြို့တွင်းမြို့ပြင်နေရာမှာ လုံခြုံရေး တိုးချထားတဲ့သဘောပါ။ ” လို့ ယောအလင်းတန်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုက ဂန့်ဂေါမြို့ပေါ်ရပ်ကွက်တွေအပါအဝင် အောင်မြင်(ရှောက်ပင်) ရွာ၊ မြစ်သာဆည်ပေါ်နဲ့ မြို့နယ်မြောက်ဘက်ခြမ်းက ပျူစောထီးအားကောင်းရာ ကျေးရွာတွေကိုပဲ နယ်မြေစိုးမိုးထားနိုင်တာဖြစ်ပါတယ်။

အတုယောင်ရွေးကောက်ပွဲအပိုင်း(၁) ကို လာမယ့် ဒီဇင်ဘာလ ၁၈ ရက်မှာ လုပ်ဆောင်သွားဖို့ အကြမ်းဖက်စစ်တပ်လက်ပါးစေ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ပုံစာ – ဂန့်ဂေါမြို့ပေါ်ရှိရပ်ကွက်ရုံးတစ်ခုမှာ မဲစာရင်းများကပ်ထားစဥ်
ဓာတ်ပုံ – ယောအလင်းတန်း
0 Shares:
You May Also Like
Read More

စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သား (၁) ယောက် လက်နက်နှင့်တကွ KNDF ထံ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သား တစ်ယောက်ဟာ ဇန်နဝါရီလ (၂၀) ရက်မှာ လက်နက်နဲ့ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၃၄) က ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄ ဦးကို ပြန်လွှတ်ပေး၊ အသက် ၁၅ နှစ်အပါ စစ်သုံ့ပန်း ၃ ဦးဟာ ပေါ်တာဆွဲ စစ်မှုထမ်းစေခိုင်းခံရသူများဖြစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၄ ယောက်ကို ဇူလိုင်လ ၁၁ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ အောက်တိုဘာလကစလို့ စစ်တပ်ကြောင့် သေဆုံးသူ ၁၉ယောက်အထိရှိလာပြီး နေအိမ် ၅၀၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အောက်တိုဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းဝင် သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁၉ ယောက်အထိ ​ရှိလာပြီး ကျေးရွာပေါင်း ၃၀ က အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရွာဇော်ကြီး တော်လှန်အသံ အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာမှ ရေရှည်စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ကူညီ

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာက ရေရှည်စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့တွင် အစုပြုံလိုက်ဗုံး (Cluster Bomb) များ အသုံးပြုကာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တိုက်နယ် အမှတ် (၁) အတွင်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။