မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တရုတ််နိုင်ငံကို အကူအညီတောင်းခံခဲ့တယ်လို့ ကင်အဲရစ်(ခေါ်) ကိုထိန်လင်း က ဒီနေ့မှာ အသိပေး ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကို ပိုမို ဖိအားပေးတောင်းဆိုဖို့အတွက် ကိုထိန်လင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

“ဒီနေ့ ကျွန်တော် မေမေလွတ်မြောက်စေဖို့ တရုတ်နိုင်ငံမှ အကူအညီပေးရန် တောင်းဆိုခဲ့ပါတယ်။ မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှုဟာ သင့်မြတ်ပေါင်းစည်းမှုနဲ့ တည်ငြိမ်ရေး အတွက် အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်ပါတယ်”လို့ ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တရုတ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာအောင် အကူအညီပေးနိုင်မယ့် အခြေအနေမှာ ရှိတယ်လို့လည်း ကိုထိန်လင်းက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ကိုထိန်လင်းက မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးနဲ့ အသက်အန္တရာယ် အရေးပေါ်စိုးရိမ်ချက် ရှိနေပြီး နှလုံးပိုင်းဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားနေတယ်လို့ သိရကြောင်း ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

နယူးယောက်မြို့တွင် ကျင်းပသည့် “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဥ်ဖြင့် အခမ်းအနားကို NUG ဝန်ကြီးများနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတွေနဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
Read More

အာဆီယံ AHA Centre က ငလျင်အတွက်အကူအညီများပေးအပ်

မြန်မာနိုင်ငံက အင်အားပြင်းငလျင်​ဘေးအတွက် အာဆီယံ AHA Centre က လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ဦး အတွက် NUG အလုပ်သမားဝန်ကြီးဌာန လိုက်ပါကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ယောက် အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး တိုင်ကြားလာတဲ့အပေါ် လိုက်ပါကူညီဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ထိုင်းမှာ မွေးတဲ့ကလေးတွေနဲ့ ရွှေ့ပြောင်းလုပ်သား ၅ သိန်းနီးပါးကို ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေး

ထိုင်းနိုင်ငံမှာ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ထိုင်းမှာ မွေးတဲ့ ကလေးငယ်တွေ ၄၈၃,၀၀၀ ခန့်ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို ထိုင်းအစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
Read More

မြန်မာအချင်းချင်း ကလဲ့စားချေဖို့ဆိုပြီး လက်နက်စုဆောင်းသူနဲ့ သယ်ယူပေးသူကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။
Read More

စိတ်ကြွဆေး ၅.၅ တန်နဲ့အတူ မြန်မာနိုင်ငံသား ၆ ယောက်ကို အိန္ဒိယကမ်းခြေစောင့်တပ်ဖမ်းဆီး

မြန်မာပြည်ကနေ မက်သာဖက်တမင်း ၅.၅ တန် တင်ဆောင်လာတဲ့ မှောင်ခိုသင်္ဘောတစ်စင်းကို ကပ္ပလီပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။