မကွေးတိုင်း၊ သရက်မြို့နယ်မှာ တပ်ပြောင်းတပ်လွှဲ ပြုလုပ်ပြီး ပြန်လာတဲ့ စစ်ကားတွေကို ပြောက်ကျား တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ယောက်သေဆုံးပြီး ဗိုလ်အဆင့်ရှိသူနဲ့ ဒုတပ်ကြပ်အပါအဝင် ၇ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက မောင်းသတင်းဌာနကို ပြောပါတယ်။

အောက်တိုဘာလ ၃ ရက် မနေ့ကညနေပိုင်းမှာ မင်းတုန်းမြို့နယ်၊ ကျောက်တိုင် တိုက်နယ်ဆေးရုံ စစ်တပ်ဂိတ်စခန်းထဲကနေ တပ်ပြောင်းတပ်လွှဲလုပ်ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ကား ၂ စီးကို သရက် – မင်းတုန်းလမ်းပိုင်း၊ ပဲ့မခန်းရွာလမ်းပေါက်အတွင်း တော်လှန်ရေးတပ်တွေ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၆၀ ပါ အကြမ်းဖက်စစ်သားတွေဟာ အနီရောင်ဖောကားနဲ့ စစ်စိမ်း‌ရောင် ဖောကားတွေပေါ် လိုက်ပါလာခဲ့တာဖြစ်ပြီး လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ သံသယရှိရာနေရာတွေဆီ လက်ဦးမှုယူပြီး ပစ်ခတ်ရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့သလို နေရာတစ်ချို့မှာ ကားပေါ်ကနေ ရှေ့ကို ခြေလျင်ဆင်းလျှောက်တာမျိုးတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကားတွေဟာ မင်းတုန်းမြို့နယ်၊ ကျောက်တိုင် တိုက်နယ်ဆေးရုံအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေနဲ့ တပ်ပြောင်းတပ်လွှဲ ပြုလုပ်ပြီး ကပစ ၁၂ ရှိရာကို ပြန်လာချိန်မှာ တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံစာ – အကြမ်းဖက်စစ်ကားများကိုတွေ့ရစဥ်(ပုံဟောင်း)

“မနက် အ‌စောပိုင်းမှာ သူတို့ တပ်ချိန်းဖို့လာတော့ လွှတ်ပေးလိုက်တယ်။ အပြန်မှ စောင့်ပြီး ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ရှေ့ကလာတဲ့ စစ်စိမ်းရောင်ကားကို လွှတ်ပေးလိုက်ပြီးမှ နောက်ကကပ်လိုက်လာတဲ့ ဖောကားအနီကို အဓိကထား ချေမှုန်း ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ စခ တွေအားလုံး ကားပေါ်မှာ ရှိနေတယ်။ အစုလိုက်အပြုံလိုက် ၀ရုန်းသုန်းကားနဲ့ ကား မှောက်လုနီးပါးထိ ဖြစ်သွားတယ်။ အဲ့လို နောက်ကားကို ပစ်နေတော့ ရှေ့ကားကလည်း ရပ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်​တွေနဲ့ ပြန်ပြီး ပစ်ကူပေးပါတယ်။ ကျနော်တို့ အဓိကထားပစ်တဲ့ ဖောကားအနီက ကားထဲမှာ သဲအိတ်တွေ စီပြီး အကာကွယ်လုပ်ထားတော့ အထိခိုက်နည်းတယ်။ တိုက်ပွဲက ၅ မိနစ်ပဲကြာပေမယ့် ပြင်းထန်ခဲ့ပါတယ်။ ” လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက မောင်းသတင်းဌာနကို ပြောပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၂ ယောက်သေဆုံးပြီး ဗိုလ်အဆင့်ရှိသူ ၁ ယောက်နဲ့ ကပစ (၂) က ဒုတပ်ကြပ်အဆင့်ရှိသူအပါအဝင် ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် သေဆုံးသွားတဲ့စစ်သားအလောင်းတွေနဲ့ ဒဏ်ရာရလူနာတွေကို တင်ဆောင်ရင်း ကပစ(၁၂)ရှိရာကို ကားတွေ မောင်းထွက်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ဗမာပြည်ကာကွယ်ရေးတပ် – USBA က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဗမာပြည်ကာကွယ်ရေးတပ်-USBA တပ်ဖွဲ့အနေနဲ့ အခုရက်ပိုင်းထဲ သရက်၊ မင်းတုန်းနဲ့ မင်းလှမြို့နယ်အတွင်းက လမ်းပိုင်းတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ မကြာခဏ ဖော်ဆောင်နေတာဖြစ်ပြီး အဆိုပါမြို့နယ်တွေထဲက စစ်တပ်​​ထုတ်ကုန်ရောင်းချနေမှုတွေကိုလည်း စစ်ဆေးထိန်းချုပ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကနီမှာ လူထုတွေ့ဆုံပွဲနှင့် လေကြောင်းအန္တရာယ် အသိပညာပေးပွဲများ ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း တစ်နေရာမှာ ကနီမြို့နယ် ပြည်သူ့အခြေပြု ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ မျက်မှောက်တော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရေဦးမြို့ ကြာဖူးအဝိုင်းဂိတ်မှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ကြာဖူးအဝိုင်း စစ်တပ်ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သားတစ်ယောက်ဟာ သေနတ် ၂ လက် ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ ကြိမ်မြောက် ရှော့တိုက်ဒုံးပစ်ခတ်မှုမှာ ၄ လုံး အောင်မြင်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိနိုင်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၄လုံးအောင်မြင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာ့အဏုမြူ ဖိုရမ်တက်ရန် အကြမ်းဖက် မင်းအောင်လှိုင် ယနေ့မနက် ထွက်ခွာ

အာဏာလု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကမ္ဘာ့အဏုမြူ ဖိုရမ်-၂၀၂၅ ကို တက်ရောက်ဖို့အတွက် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားတယ်လို့ စစ်တပ်လော်ဘီတွေနဲ့ စစ်တပ်အားပေး သတင်းထုတ်ပြန်ရေးတွေက ဖော်ပြထားပါတယ်။
Read More

မင်းတုန်းမြို့အဝင် ဆက်ကြေးကောက်ရန် ထွက်လာသည့် ရဲ ၂ ဦး တိုက်ခိုက်ခံရပြီး သေ

မကွေးတိုင်း၊ မင်းတုန်းမြို့အဝင်လမ်းပိုင်းမှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲ ၂ ယောက်ကို တိုက်ခိုက်ရာ သေဆုံးသွားကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။