အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်တွေဟာ စက်တင်ဘာလ ၇၊ ၁၃၊ ၁၈ ရက်နေ့တွေမှာ မြေပြင်နဲ့ ဝေဟင်ကနေ ထိတွေ့တိုက်ပွဲတွေ (၂) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ(၇)ရက်နေ့မှာ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးက စစ်တပ်ရဲ့ ကွမ်ကျိုက်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ (၁၃) ရက်နေ့ ညနေ (၄)နာရီ (၂၀) မိနစ်မှာလည်း ရေးမြို့နယ်၊ နှစ်ကရင်လမ်းဆုံအနီးက စစ်တပ်ရဲ့ ကင်းပုန်းနေရာတွေနဲ့ မော့ကနင်ရွာအနီးက ကွမ်ကျိုက်ဂိတ်စခန်းကို ဗုံးသီး(၂) လုံး ဝင်ရောက်ကြဲချတိုက်ခိုက်နိုင်ခဲ့ကာ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ (၁၈) ရက်နေ့ မနက်(၁၀)နာရီမှာလည်း သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးက စစ်တပ်ရဲ့ ကင်းပုန်းတွေကို ပြောက်ကျားစစ်ဆင်‌‌ရေးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ထိတွေ့တိုက်ပွဲတွေကြောင့် စစ်ကော်မရှင်လက်အောက်ခံ တပ်တွေက စစ်သား (၄) ယောက်သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။ 

အဆိုပါတိုက်ပွဲဝင်တွေမှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညတပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲနဲ့ တပင်ရွှေထီးတပ်တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

MSFC ရဲ့ ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတွေကတော့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) နဲ့ ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့ဖြစ်ပြီး စစ်ရေးတွေကို မွန်ပြည်နယ်၊ ‌ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တို့မှာ ဖော်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းမှ စစ်မှုထမ်းတပ်သား ၅ ဦး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား ၅ ယောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်-၂ တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတလည် အထက်တန်းကျောင်းရှေ့ အကြမ်းဖက်ဂိတ်စခန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ အထက်တန်းကျောင်းရှေ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၂ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း PPDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စားသောက်ကုန်တွေ လှူဒါန်း (ဓာတ်ပုံသတင်း)

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ စစ်တောင်းမြစ်ဝှမ်းက ရေဘေးသင့်ပြည်သူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ရဲဘော်တွေဟာ စားနပ်ရိက္ခာတွေ ကူညီလှူဒါန်းခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Read More

ဗုံးခိုကျင်းတည်ဆောက်ရေးနှင့် အသိပညာပေးလုပ်ငန်းတွေအတွက် ငွေကျပ် (၁၈.၂) ဘီလီယံအထိ အသုံးပြုထား

ဗုံးခိုကျင်းတည်ဆောက်ရေးနဲ့ အသိပညာပေးလုပ်ငန်းတွေအတွက်  ငွေကျပ် (၁၈.၂) ဘီလီယံအထိ အသုံးပြုထားကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ ကျောက်မဲနှင့် သီပေါပြန်လည်သိမ်းပိုက်သည့် စစ်ဆင်ရေး SSPP ကူညီလမ်းကြောင်းဖွင့်ပေးခဲ့ကြောင်း TNLA ပြောဆိုမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း SSPP ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက် စစ်အုပ်စု ပြန်လည် ထိုးစစ်ဆင်ပြီး ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါတိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်ကောင်စီတပ်ကို ကူညီလမ်း‌ကြောင်းဖွင့်ပေးတာဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့  ပြောဆိုမှု​အပေါ် ကန့်ကွတ်ရှုတ်ချကြောင်း အောက်တိုဘာ ၁၈ ရက် ဒီနေ့မှာ SSPP က ထုတ်ပြန်ပါတယ်။