စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကော်မရှင်တပ်ကို ချေမှုန်းပြီး ပြန်လာတဲ့ တိမ်ပျံပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေရဲ့ အိမ်ပြန်ခရီးဟာ အန္တရာယ်များလှပါတယ်။ 

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အရှိန်နဲ့စီးဆင်းနေတဲ့ ချောင်းကို ဖြတ်ကူးစဉ်မှာ လက်နက်ရေမစိုစေဖို့လည်း ဂရုစိုက်ကြရပါသေးတယ်။ 

ခက်ခက်ခဲခဲနဲ့ ချောင်းကို ဖြတ်ကူးကြရပေမယ့် လူငယ်ရဲ‌ဘော်တွေဟာ ရယ်ရယ်မောမောနဲ့ပဲ အိမ်ပြန်နိုင်ဖို့ ဖြတ်ကူးခဲ့ကြပါတယ်။ 

အောင်ပွဲနဲ့ ပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံပြည်သူတွေကလည်း ပန်းတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ 

Video – တိမ်ပျံပြောက်ကျားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေ ထွက်မပြေးအောင် အပျော်အပါးများနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်း (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က အပျော်အပါးများနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်းလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် နောင်ပိန်ရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲကာ လက်နက်ကြီးပစ်ခတ်၊ အရပ်သား ၂၀ ခန့် သေဆုံးခဲ့ရ (ရုပ်/သံ)

ရှမ်းပြည်‌မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူ ၂၀ ခန့် ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink အင်တာနက်စက်အပါအဝင် စက်ဘက်သုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)အောက်တိုဘာ ၂၆၊ ၂၀၂၄စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink အင်တာနက်စက်အပါအဝင် စက်ဘက်သုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်နေသည့် စစ်တပ်အထိုင်နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေစဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Sagaing District Drone Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား ဗိုလ်ဒါဘော ဦးဆောင်တိုက်ခိုက်နေသည့် မှတ်တမ်းရုပ်သံ

မြန်မာ-ထိုင်းနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို Cobra Column က စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်ဒါဘော ဦးဆောင်တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်လာထွက်ပေါ်လာပါတယ်။
Read More

သရက်ချောင်းမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက် မနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(သရက်ချောင်းမြို့နယ်) ထံက သိရပါတယ်။