တရုတ်နိုင်ငံရဲ့ စပွန်ဆာနဲ့ ပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို လူထုအားနဲ့ တိုက်ဖျက်ဖို့အတွက် လူထုတိုက်ပွဲရဲ့ အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body – GSCB) က ထုတ်ပြန်ထားပါတယ်။

အဆိုပါအချက် ၃ ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးဆိုတဲ့ လူထုအဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ဖြစ်တယ်လို့ GSCB ထုတ်ပြန်ထားပါတယ်။

“တရုတ်က စပွန်ဆာလုပ်တဲ့ ရွေးကောက်ပွဲ အတုကြီး” နဲ့ ထွက်ပေါက်ရှာနေတဲ့ စစ်အုပ်စုကို လူထု အားနဲ့ ဆန့်ကျင်တိုက်ဖျက်ကြရပါမယ်”လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အား စု-GSCB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူမမယ် ကလေးကစလို့ အသက်ကြီးဆုံး အမေအိုကြီးထိ နိုင်ငံရေးအကျဉ်းသား သောင်းချီကို ထောင်ထဲထည့်ပြီးလုပ်တဲ့ တရားမဝင်ရွေးကောက်ပွဲ၊ လူငယ်လူရွယ် မှန်သမျှကို အဓမ္မဖမ်းဆီး အသေခံခိုင်းပြီး မင်းအောင်လှိုင် အာဏာတည်မြဲရေးအတွက် လုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို အားနည်းချိနဲ့အောင် လူထုအားနဲ့ တိုက်ပွဲဝင်ရမယ်လို့လည်း GSCB က ဆိုပါတယ်။

အဆိုပါဦးတည်ချက် ၃ ရပ်ကို ပြည်သူလူထုကြီးတရပ်လုံးနဲ့တကွ တော်လှန်ရေး အင်အားစုတွေ စုပေါင်းညီညွတ်စွာနဲ့ တိုက်ပွဲဝင်ပါဖို့လည်း GSCB က တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ (၆) ဦး သေဆုံး၊ (၇) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၆) ယောက် သေဆုံးခဲ့ပြီး (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဟားလီးကွေ့စစ်တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦးသေပြီး ဆေးတပ်ဗိုလ်ကြီးအပါ ၁၆ ဦး အရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ ၁၉ လက် သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဟားလီးကွေ့ စစ်တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ယောက် သေဆုံးပြီး ၁၆ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရုံးပင်ရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးပွေ့ချီထွက်ပြေးသည့် မိခင်အပါ ၂ ဦး သေဆုံး၊ ကလေးငယ် အသက်ရှင်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးပင်ရွာ ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နွားထိုးကြီး ပကဖ တပ်သားသစ်များခေါ်ယူနေ

စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ နွားထိုးကြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ပုဒ်မ ၅၀ (ဂ)၊ ၅၀ (ည) တို့ နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ်တွင် (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားကို သြဂုတ်လ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။