အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတွေနဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အဆိုပါအခမ်းအနားကို NUG မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးဇော်မိုးဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဒု၀န်ကြီး ဦးအောင်ကျော်မိုး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့အပါအ၀င် နိုင်ငံတကာနဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ နယူးယောက်မြို့ရှိ မြန်မာနွယ်ဖွား တိုင်းရင်းသားတွေ စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် တွန်အန်ဒရူး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေအထူးကိုယ်စားလှယ် Ms. Giske Lillehammer၊ International Civil Society Action Network(ICAN) မှ ပရိုဂရမ်ဒါရိုက်တာ Ms. Helena Gronberg တို့က အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားမှာ ၂၀၂၁ အာဏာသိမ်းမှုအပြီး ပြည်သူအချို့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပြီး တော်လှန်ရေးသီချင်းတွေ၊ မှတ်တမ်းရုပ်ရှင်ပြသခြင်းနဲ့ ကဗျာရွတ်ဆိုခြင်း အစီအစဉ်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် CDM အမျိုးသမီးတွေ ပြုလုပ်တဲ့ လက်မှုပစ္စည်းတွေ၊ ပဋိပက္ခ အခြေအနေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး ရှင်သန်ကျန်ရစ်သူ အမျိုးသမီးတွေရဲ့ ရုပ်ပုံနဲ့ စကားသံတွေ၊ မြန်မာ့ပဋိပက္ခနဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွါးဆိုင်ရာ ဆက်စပ်ပတ်သက်မှုတွေကို ထင်ဟပ်ပြသတဲ့မြေပုံ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပုံရိပ်တွေကို ခင်းကျင်းပြသခြင်း စတဲ့အစီအစဥ်တွေနဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို Women Peace and Humanitarian Fund (WPHF), နဲ့ International Civil Society Action Network (ICAN) တို့ရဲ့ ပံ့ပိုးမှုနဲ့ Burma Advocacy Group (BAG), Gender Equality Network (GEN), Global Justice Center (GJC), Myanmar-WPS, New York City Burmese Community (NYCBC), Women Advocacy Coalition- Myanmar (WAC-M), Women Peace Network (WPN), Women’s League of Burma (WLB) တို့က ပူးပေါင်းစီစဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင် အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဟု ပြောဆိုမှုအပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင် အကျုံးဝင်စေဖို့ အာဆီယံလိုလားဟုဆို

လာမဲ့နှစ် စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင်အကျုံးဝင်စေဖို့ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ လိုလားမှာဖြစ်ကြောင်း ထိုင်းက စစ်ကောင်စီကို ပြောဆိုခဲ့တယ်လို့ ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၁ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
Read More

ARSA ခေါင်းဆောင်တစ်ဦးနှင့် နောက်ထပ် သံသယရှိသူ ၉ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ဖမ်းဆီး

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ရဲ့ ထိပ်တန်းခေါင်းဆောင် Ataullah Abu Ammar Jununi နဲ့ အဖွဲ့ဝင်တွေအဖြစ် သံသယရှိသူ နောက်ထပ် ၉ ယောက်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း မတ်လ ၁၈ ရက်က Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။ 
Read More

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်သည့် မြန်မာစစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချပြီး နိုင်ငံတကာဥပဒေ လေးစားရန် အာဆီယံ ဥက္ကဋ္ဌ ပြော

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
Read More

ထိုင်းမှာ ဓာတုငွေ့အဆိပ်သင့်လို့ မြန်မာအလုပ်သမား ၂ ဦးသေဆုံး၊ တစ်ဦး ဆေးရုံတင်ထားရ

ထိုင်းနိုင်ငံတောင်ပိုင်း ခရာဘီခရိုင်၊ ပလိုင်ဖရာယာမြို့နယ်က ဓာတုပစ္စည်းတွင်းကို နိုဝင်ဘာလ ၁၄ ရက်မှာ သန့်ရှင်းရေးလုပ်နေစဉ် အဆိပ်ငွေ့ ရှူမိခဲ့တဲ့အတွက် မြန်မာအလုပ်သမား ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။ ကုမ္ပဏီဝင်းအတွင်းမှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာအမျိုးသား အလုပ်သမား ၃ ဦးဟာ ဓာတုပစ္စည်းတွင်းထဲကိုဆင်းပြီး သန့်ရှင်းရေးလုပ်နေချိန်မှာ ဟိုက်ဒရိုဂျင် ဆာလဖိုက် (Rotten-egg gas) ဓာတ်ငွေ့ အဆိပ်သင့်ခဲ့တာ ဖြစ်ပါတယ်။
Read More

မြန်မာ့အရေး အကြမ်းဖက်မှုတွေရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို

မြန်မာ့အရေး ငြိမ်းချမ်းရေးရရှိဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ အားလုံးအကျုံးဝင်ပါဝင်ရေးတို့ လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။