မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကားတန်းကို ခြုံခိုတိုက်ခိုက်ရာ ကားပေါ်ပါလာတဲ့ စစ်ကော်မရှင်တပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ယောက်အထိ ရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၂ ရက် မနေ့ညနေပိုင်းမှာ အထက်မင်းလှမြို့နယ်၊ လင်းကယ်ရဲစခန်းအနီးတစ်ဝိုက် ကျေးရွာတွေဆီ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ အင်အား ၁၀၀ခန့်ပါ စစ်စိမ်းရောင် ဖောကား ၄ စီးကို သရက်-မင်းလှလမ်းပိုင်းရဲ့ ဒဟတ်ပင်ရေနှံမှော်အနီးမှာ USBA တပ်ဖွဲ့ဝင်တွေက ၃ မိနစ်တာ ခြုံခိုပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က အသင့်စောင့်ကြိုပြီး လက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့တာကြောင့် ၃မိနစ်တာ ပစ်ခတ်မှုအတွင်း ကားပေါ်ပါလာတဲ့ အကြမ်းဖက်စစ်သားတွေဘက်က ပြန်လည်ပစ်ခတ်နိုင်ခဲ့တာမျိုးမရှိဘဲ ထိခိုက်သေဆုံးမှုတွေသာ ရှိခဲ့ပါတယ်။

ဒါပေမယ့် ပစ်ခတ်နေချိန်အတွင်း တိုက်ပွဲနေရာထဲ အရပ်သားကုန်တင်ကား ၁စီး ဝင်ရောက်လာတာကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်းနဲ့ ကားကို ရှောင်ပြီးပစ်ခတ်ခဲ့ရတယ်လို့လည်း ဗမာပြည်ကာကွယ်ရေးတပ် – USBA ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ အထက်မင်းလှမြို့နယ်၊ လင်းကယ်ရဲစခန်း အနီးပတ်ဝန်းကျင်ရွာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ညအိပ်စစ်ကြောင်းတွေ ထိုးနေခဲ့ပြီး ကပစ(၂) မလွန်ကို ပြန်လည်ဆုတ်ခွာလာရာမှာ အခုလို တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။

စစ်ကော်မရှင်ကားတွေဟာ တိုက်ခိုက်ခံရတဲ့နေရာကနေ ရပ်တန့်ခြင်းမရှိဘဲ ဒဟတ်ပင်ရေနံမှော်ရောက်တဲ့အထိ အရှိန်မြှင့်မောင်းပြေးခဲ့ပြီး ရေနှံမှော်ရောက်ကာမှ လက်နက်ကြီးတွေနဲ့ ကောင်တာ ပြန်လည်ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကပစ ၂ ရှိရာကို ပြန်ရာလမ်းတလျှောက်မှာလည်း မည်းမည်းမြင်ရာ ရမ်းသမ်းပစ်ခတ်သွားသလို ထိခိုက်သေဆုံးသူတွေကို ကပစ၂ ထဲမှာပဲ ကြိတ်ပြီးကုသနေတယ်လို့လည်း ဗမာပြည်ကာကွယ်ရေးတပ် – USBA ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားရာ ဒဟတ်ပင် ရေနံမှော်အနီးနားကို စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်တာမျိုးတွေ လုပ်ဆောင်နိုင်တာကြောင့် အရပ်သားတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA က ထုတ်ပြန်ထားပါတယ်။

“တိုက်ခိုက်ခံရ‌တဲ့နယ်မြေကို မကြာခင် စစ်ကြောင်းထိုးပြီး နယ်မြေလာရှင်းမယ်ဆိုပြီး အပြန်လမ်းတလျှောက်က စစ်တပ် ထောက်ခံအားပေးတဲ့သူတွေကို အားပေးစကားပြောသွားပါတယ်။ အခြားဒေသခံတွေကိုတော့ တွေ့ကြသေးတာပေါ့ဆိုပြီး ကြိမ်းမောင်းသွားပါတယ်။” လို့ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက မောင်းကိုပြောပါတယ်။

ဒါ့အပြင်  ခရီးသွားပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ကားတန်းတွေနဲ့ မီတာ (၃၀၀) အတွင်း အနီးကပ်လိုက်ပါတာမျိုး လုံး၀ မလုပ်ကြဖို့နဲ့ ပစ်ခတ်သံတွေကြားရင် ဘေးကင်းရာအရပ်မှာပဲ ခေတ္တ ရပ်နားထားပေးကြဖို့ သူက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ စစ်တမ်းကဆိုပါတယ်။
Read More

မိုင်းလုံမြို့နယ် မန်စန်းကျေးရွာတွင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ မန်စန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့စည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကမ္မမှာ အလင်းဝင်လာတဲ့ ရဲဒုတပ်ကြပ်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ  ရဲဒုတပ်ကြပ် ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကွတ်ခိုင်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက ဗဟိုသံဃာတော် အစည်းအဝေးပြုလုပ်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ခေါင်းဆောင်တွေ ဗဟိုသံဃာတော်အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၁၄) မှ ရှေ့တန်းတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အမှတ် (၁၄) တပ်ရင်းမှာ တာဝန် ထမ်းဆောင်နေရင်း ကျဆုံးခဲ့တဲ့ ရဲဘော် ချမ်းမြေ့အောင်ရဲ့ စျာပနမှာ အလေးပြုခြင်းနဲ့ သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NMSP-AD / RMA ၏ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းအခမ်းအနား

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD / RMA) က ဦးဆောင် ဖွင့်လှစ်သင်ကြားပေးတဲ့ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း (Close Quarters Battle - CQB) အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။