စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက တနယ်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သားပိုင် ဆန်အိတ်တွေကို ကားတွေနဲ့ သယ်ယူနေကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၁ ရက်၊ မနေ့ မနက်ပိုင်းကစလို့ တန့်ဆည်မြို့နယ်တောင်ဘက်၊ ခပေါင်းကြိုင်ကျေးရွာအုပ်စု၊ တနယ်ကျေးရွာကို အကြမ်းဖက်စစ်ကြောင်းတွေ ဝင်ရောက်ခဲ့ပြီး အရပ်သားနေအိမ်တွေကို တနေကုန် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“တနယ်ကို မနေ့ကတော့ မီးရှို့တယ်။ ဒီနေ့ကျ ဆန်အိတ်တွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို သုံးဘီးတွေနဲ့ တန်ဆည်မြို့ထဲကို သယ်ပို့နေတယ်ပေါ့။ အခြားလှုပ်ရှားမှုတော့ မတွေ့ရပါဘူး” လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းထဲမှာ ခမရ ၃၆၁ တပ်က အကြမ်းဖက်စစ်သားတွေနဲ့ ဝါသဝလက်အောက်ခံ ပျူစောထီးတပ်တွေ ပါဝင်ပြီး တန့်ဆည်မြို့နယ် ခပေါင်းကြိုင်ကျေးရွာက စစ်ကြောင်း တစ်ခုအပြင် ရေဦးမြို့နယ် အောင်သာရွာကနေပါ နောက်ထပ်စစ်ကြောင်းတစ်ခု ထပ်ထိုးလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကြောင်း ၂ ခုဟာ တနယ်ကျေးရွာအတွင်း ပေါင်းစုံသွားခဲ့ပြီး လက်ရှိအချိန်အထိ အင်အား ၂၀၀ နီးပါးနဲ့ တပ်စွဲထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စစ်ကြောင်းတွေ ဝင်ရောက်လာချိန် အကြမ်းဖက်စစ်အုပ်စုက တန့်ဆည်မြို့တောင်ဘက်ခြမ်းကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

လက်ရှိမှာ တန့်ဆည်-ရေဦးလမ်းပိုင်းက ကျေးရွာအုပ်စုတွေဟာ စစ်ကြောင်းအန္တရာယ်အပြင် လေကြောင်းအန္တရာယ်ကိုပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တန့်ဆည်မြို့နယ်နဲ့ထိစပ်နေတဲ့ ရေဦးမြို့နယ်အတွင်းက ရေဦး ပကဖ အဖွဲ့ဝင်ဟောင်း ၁ ယောက်အပါ လူ ၆ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးရမိခဲ့ပါသေးတယ်။

“ဒီကိစ္စလည်းဖြစ်ထားတော့ တန့်ဆည်နဲ့ရေဦးအစပ်ကို နယ်မြေရှင်းလင်းချင်တာလည်း ပါမယ်။ နောက်ပြီး မြို့ပေါ်မှာ ရွေးကောက်ပွဲလုပ်ချင်တော့ မြို့အနီးဝန်းကျင်တွေ နယ်မြေရှင်းလင်းတာလည်း ပါပါမယ်” လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ တန့်ဆည်မြို့နယ်ရှိ ကျေးရွာပေါင်း ၁၀၀ ကျော်က အရပ်သားနေအိမ် ၅၃၀၀ ကျော်ဟာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်း ခံထားရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ ပျူခေါင်းဆောင်တစ်ဖြစ်လဲ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရချိန် သေနတ်လုလို့ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ နန်ကြူရွာ၊ အုပ်ချုပ်ရေးမှူးဆိုသူကို ဖမ်းဆီးလာရင်း သေနတ်လုဖို့ကြိုးစားတာကြော င့်နေရာတင်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။ အောက်တိုဘာ ၁ရက်၊ ညပိုင်းက စေတုတ္ထရာမြို့နယ်၊…
Read More

ဇွန်လ နောက်ဆုံးအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားနှင့် ရဲ ၂၃ ဦး အလင်းဝင်လာ၊ စစ်သုံ့ပန်းအဖြစ် ၄၀ ဦးကို ဖမ်းမိ

ပြီးခဲ့တဲ့ ဇွန်လ စတုတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်သား နဲ့ ရဲ ၂၃ ယောက် အလင်းဝင်လာပြီး စစ်သုံ့ပန်းအဖြစ် အယောက် ၄၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

ကလေးမြို့နယ် ကြံသာကျေးရွာတိုက်ပွဲအတွင်း ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမား ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာတိုက်ပွဲအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Ranger Kalay Defense Force တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီ ခမရ ၁၀၆ တပ်ကို Dark Shadow အဖွဲ့ အဝေးမိုင်းနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်၊ လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီရဲ့ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ YGN Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရ

လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင်ဟာ ဒီနေ့ မနက်အစောပိုင်းမှာ ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။
Read More

ညောင်လေးပင်မှာ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းများ တိုက်ခိုက်ချေမှုန်းခံရ၊ စစ်ဗိုလ် ၁ဦးအပါဝင် ၃ဦးသေ၊ ၅ဦးကျော်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အထိုင်ချထားတဲ့ မုက္ခမူနဲ့ ကြံဘိုကုန်းကျေးရွာဂိတ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ Fire Dragon PDF က သတင်းထုတ်ပြန်ထားပါတယ်။