စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲမှာ အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်း (WCP) ကို အခုစက်တင်ဘာလထဲမှာ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုလိုသင်တန်းတွေ ပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာအနေနဲ့ မြေပြင်ရေးရာတာဝန်ခံတွေကို ၂၀၂၄ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်မှာ တစ်ကြိမ် နည်းပြသင်တန်းတွေ ပို့ချခဲ့ပြီး အခုလိုနောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေကို ပြုလုပ်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းမှာ ကလေးသူငယ်အခွင့်အရေးသဘောတရားနဲ့ အခြေခံမူ၊ ကလေးအခွင့်အရေးစာချုပ် (CRC)၊ Six Grave Violations စစ်ပွဲအတွင်းကလေးသူငယ်တွေကို ထိခိုက်စေတဲ့ပြစ်မှု ၆ မျိုး၊ လိင်အခြေပြုအကြမ်းဖက်မှုတွေ (Gender Based Violence) နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သာမန်ရာဇဝတ်မှုတွေနဲ့ ခွဲခြားသိမြင်နိုင်ခြင်း စတာတွေကို ဆွေးနွေးသင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။

သင်တန်းသားတွေအနေနဲ့လည်း တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ပြီး ကလေးသူငယ်အခွင့်အရေးတွေအပေါ် ပိုမိုသိရှိလာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သာမန်ရာဇဝတ်မှုတွေကို ကွာခြားသိမြင်လာခြင်း စတဲ့ အမြင်ပြောင်းလဲမှုတွေ ရရှိခဲ့ကြောင်း မှတ်ချက်ပြုပြောကြားခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုပါတယ်။

သင်တန်းပြုလုပ်နေချိန်မှာလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ်ကို စိုးရိမ်စွာ နားစွင့် သင်ကြားခဲ့ရပေမယ့် သင်တန်းကိုအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှမြို့နယ်မှာ ပြုလုပ်တဲ့ အဆိုပါသင်တန်းမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ လူ့အခွင့် အရေးတာဝန်ခံတစ်ယောက်နဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တာဝန်ခံတစ်ယောက်က ဦးဆောင်ပြီး သင်ကြား ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မော်လိုက်-ကလေးထောင်တွင် အရေးပေါ်ဆေးကုခွင့်ရဖို့ အာဏာပိုင်များကို လာဘ်ထိုးနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်-ကလေးအကျဉ်းထောင်မှာ အကျဥ်းကျသူတွေရဲ့ အရေးပေါ် ဆေးကုသခွင့်အပေါ် ထောင်အာဏာပိုင်တွေက လာဘ်ငွေရယူပြီးမှသာ ခွင့်ပြုပေးတော့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအတွက် အဆိုတော်များ ဝါဒဖြန့်ပေးရန် အလှည့်ကျလာပြန်

အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင်ဟာ အတုအယောင် ရွေးကောက်ပွဲအတွက် အနုပညာရှင်တွေကို ခြိမ်းခြောက် ဝါဒဖြန့်ခိုင်းနေရာမှာ သရုပ်ဆောင်တွေပြီးတဲ့နောက် အဆိုတော်တွေအလှည့် ရောက်လာပြန်ပါပြီ။
Read More

ထိန်းချုပ်ဒေသများအတွင်း ကျားဖြန့်လုပ်ငန်းများကို ကာကွယ်ပေးနေသည်ဟု သတင်းထွက်ပေါ်နေမှုအား TNLA ငြင်းဆို

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်း ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးနေတယ်လို့ သတင်းထွက်ပေါ်နေမှုတွေအပေါ် TNLA က ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကိုင်းကနေ မုံရွာကိုလာတဲ့ စစ်ကောင်စီ ဆီဘောက်ဆာယာဥ်တန်းကိုလည်း အနီးကပ် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာ-မန္တလေးလမ်းပိုင်းပေါ် လမ်းကင်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး  အရာရှိ ၁ ယောက်အပါအဝင် ၄ ယောက် ထိခိုက်သွားကြောင်း Brave Heart Army (BHA) အဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမှာ အထိနာထားသည့် စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ​တွေက လူတစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ စလင်းမြို့နယ်​မြောက်ဘက်အခြမ်းမှာ အကြမ်းဖက်စစ်ကြောင်း ဝင်​ရောက်နေတဲ့အတွက် ရွာပေါင်း ၇ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

နွားထိုးကြီးမြို့ပေါ် ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ၂ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု စစ်အုပ်စုဘက်က ၅ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုတွေရှိနေတဲ့ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို ၂ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။