ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) KPLA-တပ်ရင်း ၉၄၂၀ အနေနဲ့ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို ရည်စူးပြီး သံဃာတော်တွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းနဲ့ ဝတ္ထုကပ်လှူတာတွေကို ဘာသာရေးထုံးတမ်းစဥ်လာတွေနဲ့အညီ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကလလတ တပ်ရင်း (၉၄၂၀) ရှိ လူမျိုးစုံ၊ ဘာသာစုံရဲဘော်တွေက ဆရာတော်၊ သံဃာတော်တွေကို ဆွမ်းဘုန်းဖွယ်ရာတွေကို စီစဥ်‌ဆောင်ရွက်ပြီး ကျဆုံးရဲဘော်တွေကို ရည်စူးကာ ရေစက်ချ အမျှဝေခဲ့တယ်လို့ သိရပါတယ်။

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းဟာ စတင်ဖွဲ့စည်းချိန်ကစလို့ ပြည်သူ့လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေး အတွက် အသက်ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် (၃၇) ယောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း (မီးနဂါးတပ်ဖွဲ့) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မုန်တိုင်းဒဏ်ကို အံတုပြီး ခြေလျင်ခရီး ၆ ရက်ကြာ စစ်ကြောင်းချီခဲ့တဲ့ 96 Soldiers PDF ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ 96 Soldiers PDF က ရဲဘော်တွေဟာ မုန်တိုင်းဒဏ်ကို အံတုပြီး ခြေလျင်ခရီးနဲ့ ၆ ရက်ကြာ စစ်ကြောင်းချီခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပေါက်မြို့နယ်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်မှ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုထဲက စစ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ငါန်းဇွန်တွင် အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီ ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာအင်အားဖြည့်တင်းဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီကားတွေကို လမ်းပိုင်းတစ်နေရာကနေ​ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း TGYR-Youth Guerrilla Counter Revolution-NZ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ ထောက်ခံတဲ့ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်

စစ်ကောင်စီက ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မှု ၃၇၀ ကျော်သွားပြီဖြစ်ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရပါတယ်။