စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အုန်းတောပျူရွာ ကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။

အောက်တိုဘာ ၁ ရက် ည ၁၀ နာရီလောက်မှာ ကန့်ဘလူမြို့နယ် ထန်းကုန်းနဲ့ ဒန်းပင်ကြားရှိ အုန်းတောပျူရွာကင်းကို ဝင်ရောက်စီးနင်းခဲ့ရာ ပျူခေါင်းဆောင်နဲ့ အခြားတပ်သားတစ်ယောက်က ပြန်လည်ခုခံခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ပြီး နောက်ထပ် တပ်ဖွဲ့ဝင် ၆ ယောက်ကိုတော့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက အလစ်ဝင်ရောက်ခဲ့တာကြောင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွါးတာမျိုးမရှိဘဲ ပျူစောထီးတပ်သားတွေဆီက G3 သေနတ် ၃ လက်၊ ကာဘိုင်၂ လက်၊ ပြောင်းချော ၂ လက်တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“ထိခိုက်သေဆုံးမှုက ဘယ်လိုအတည်ပြုလဲဆိုရင် ကျနော်တို့ အရှင်ဝင်ဖမ်းတော့ ကျနော်တို့ကို ပြန်ခုခံဖို့ သေနတ်ကိုင်လိုက်တဲ့အချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့လိုက်တာ။ အပြန်အလှန် ပစ်ခတ်ချိန် မရှိလိုက်ဘူး။ ကျနော်တို့က သူတို့အငိုက်ဝင်စီးလိုက်တာ ဆိုတော့လေ။ ရွာနဲ့သူတို့ကင်းနဲ့ မီတာ  ၅၀၀ လောက်ဝေးတယ်” လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူး ကိုပိုင်ချဲက မောင်းကို ပြောပါတယ်။

အရှင်ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတွေကို သက်ဆိုင်ရာ အထက်တာဝန်ရှိသူတွေထံ အပ်နှံထားပြီး စစ်သုံ့ပန်း ဥပဒေအတိုင်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ဖမ်းဆီးရမိထားတဲ့သူတွေကို စစ်ရေးအမူအကျင့်အရပဲ ကျနော်တို့ ကျနော်တို့အထက်သက်ဆိုင်ရာကို အပ်ပြီးတော့ ထောင်ချသည်ဖြစ်စေ ဘာလုပ်သည်ဖြစ်စေ အထက်လူကြီးက လုပ်ကြလိမ့်မယ်” လို့ ဒုတပ်ရင်းမှူး ကိုပိုင်ချဲက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖလှုပ်ရှားရေးတပ်ရင်း၊ ကန့်ဘလူခရိုင် အမှတ် ၃ (PDF) တပ်ရင်းနဲ့ နယ်မြေခံပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ကန့်ဘလူခရိုင် ပကဖ ပူးပေါင်းစစ်ကြောင်းက ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ရဲစခန်းကို စီးနင်းခဲ့ရာ ဗိုလ်လေးတွေအပါအဝင် ၆ ယောက် သေဆုံးပြီး ဗိုလ်လေး ၂ ယောက်၊ တပ်သား ၂ ယောက်အပြင် သူတို့ရဲ့မိန်းမ ၂ ယောက်၊ ကလေး၂ ယောက်နဲ့ အကျဉ်းသား ၃‌ ယောက်တို့ကို အရှင်‌ဖမ်းဆီးရမိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး

ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ် ပြင်ဆင်ကြဖို့  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) က ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 
Read More

စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ချင်းတွင်းမြစ် ရေဘေးသင့် ပြည်သူများကို မင်းကင်းမြို့နယ် ပကဖ စားနပ်ရိက္ခာ ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေတဲ့ ကျေးလက်နေ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းကင်းမြို့နယ် ပကဖ အဖွဲ့က စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာ့အရေး ၀င်ရောက်စွက်ဖက်နေတဲ့ တရုတ်ကို မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာတွေ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာပယ်ဟေးမြို့ရောက် မြန်မာတက်ကြွလှုပ်ရှားသူတွေက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ရှောင်ပြည်သူတွေနဲ့ CDM တွေအတွက် ပေးဝေ

တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း လွတ်မြောက်နေရာဒေသတွေမှာ ဥယျာဉ်ခြံစိုက်ပျိုးကာ ထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဏာရှင်လက်အောက်ကနေ စွန့်ခွါလာတဲ့ CDM တွေနဲ့ စစ်ရှောင်ပြည်သူတချို့အတွက်ပေးဝေခဲ့တယ်လို့ Dictatorship Revolution and People’s Defence Network (DRPDN) တာဝန်ရှိသူတွေထံက သိရပါတယ်။
Read More

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။
Read More

မြဝတီမြို့ထဲ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲရင်း အရပ်ဝတ်နဲ့ BGF တစ်ပွင့်အဆင့် အရာရှိကို မှားခေါ်သွား

ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲမှုတွေ လုပ်နေပြီး ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အမှတ် ၁ ရပ်ကွက်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ နယ်ခြားစောင့်တပ် BGF က တစ်ပွင့်အဆင့်ရှိ ဒုဗိုလ်တစ်ယောက်ကိုပါ မှားပြီး ပေါ်တာဆွဲခေါ်သွားတယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။