ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာဝတီအကျဉ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်ကို စစ်အုပ်စုက ထောင်ဗူးဝမှာတင်ပြန်လည်ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မနဲ့ ထပ်မံတရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၁ ရက်၊ မနေ့က မနက်ပိုင်းမှာ သာယာဝတီအကျဉ်းထောင်က​နေ အခြားအကျဉ်းသား ၁၄ ယောက်နဲ့ နိုင်ငံရေးအကျဉ်းသား ၁၆ ယောက် လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အဲ့ဒီထဲကမှ နိုင်ငံရေးအကျဥ်းသား ၆ ယောက်ကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတွေက ထောင်ဗူးဝမှာတင် ပြန်လည်ဖမ်းဆီးပြီး သာယာဝတီရဲစခန်းကို ကားနဲ့ တင်ခေါ်သွားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၆ယောက်ထဲက ၁ယောက်ကိုပဲ အကြမ်းဖက်စစ်အုပ်စုက ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ သာယာဝတီအကျဉ်းထောင်ကို ပို့ဆောင်ကာ အကြမ်းဖက်ပုဒ်မ ၅၂ နဲ့ ထပ်မံတရားစွဲဆိုဖို့လုပ်ဆောင်နေတယ်လို့ PPNM က ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ် ပြန်လည်ဖမ်းဆီးထားသူတွေထဲက ကိုစိုင်းအောင်ငင်း၊ ကိုဂျယ်ရီကောင်းထိုက်၊ ကိုတင်စိုး (ခ) နတ်ဆိုးနဲ့ မမေမြတ်သူတို့ရဲ့နာမည်ကိုပဲ အတည်ပြုနိုင်သေးကြောင်းနဲ့ ကျန်၁ယောက်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တွေနဲ့ ထောင်ဒဏ်တွေချမှတ်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကတော့ အခုလို လွတ်ရက်စေ့ပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မဟုတ်မမှန်တဲ့ စွပ်စွဲမှုတွေနဲ့ အကြမ်းဖက်ပုဒ်မတွေတပ်ပြီး ပြန်လည်ဖမ်းဆီးတဲ့အပေါ်  ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်းနဲ့ အခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပေါ်ပေါ်ထင်ထင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာနဲ့ ပြည်တွင်းက လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ စောင့်ကြည့်သင့်တယ်လို့လည်းတိုက်တွန်းထားပါတယ်။

” နိုင်ငံရေးအကျဥ်းသားတွေဟာ မတရားတဲ့ပြစ်ဒဏ်တွေအတွက် အကျဥ်းထောင်ထဲမှာ အချိန်ကာလတစ်ခုကြာနေခဲ့ရပြီး ဖြစ်ပါတယ်။ သူတို့ လွတ်ရက်စေ့လို့ ပြန်လွတ်လာတာတောင် နောက်အမှုကပ် ထပ်ဖမ်းတယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ ရှုံ့ချတယ်။ ​နောက်ထပ်လွတ်လာမယ့် နိုင်ငံရေးအကျဥ်းသားတွေကိုလည်း သူတို့ပါ တကယ် လွတ်ရောလွတ်ပါ့မလားဆိုတဲ့ စိတ်ခံစားချက်တွေဖြစ်အောင် အကြမ်းဖက်စစ်တပ်ကတမင်လုပ်တယ်လို့ ပြောချင်ပါတယ်။” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက်နေ့ကလည်း အလားတူ သာယာဝတီထောင်မှာ ၄နှစ်ကျော်ကြာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည် လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာပေမယ့် စစ်အုပ်စုက အကြမ်းဖက်ဥပဒေပုဒ်မ ၅၂-က တပ်ကာပြန်လည်ဖမ်းဆီးခဲ့ပါသေးတယ်။

၂၀၂၅ ခုနှစ်အတွင်း အခုလို လွတ်ရက်စေ့ ပြန်လည်လွတ်မြောက်လာရာကနေ ပြန်လည်ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ယောက်ထက်မနည်း ရှိနေတယ်လို့လည်း PPNM က ပြောပါတယ်။

လက်ရှိမှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသား၂ သောင်းကျော်လောက်ဟာ မြန်မာနိုင်ငံအကျဥ်းထောင်တွေထဲ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်မှာ စစ်ကောင်စီရဲ့ သတင်းပေးနဲ့ လမ်းပြဒလန်တွေ ဆက်တိုက် ရှင်းလင်းခံနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ သတင်းပေးနဲ့ လမ်းပြဒလန်တွေကို ရှင်းလင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လုပ်ခဲ့တယ်လို့ Dragon Brothers (GBK-PDF) က ထုတ်ပြန်လာပါတယ်။
Read More

ရေးမှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး ရာမညပြောက်ကျားတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့  ရာမညပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင် ထားဝယ်လာမည်ဟု သတင်းထွက်နေပြီး ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ် တရစပ် လေကြောင်းတိုက်ခိုက်နေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ပြုလုပ်သည့် (၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံသတင်း)

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စစ်ဒေသ တနေရာမှာ ဩဂုတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မင်းဘူးခရိုင် PDF တပ်ရင်း (၂) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းက အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမှာ စစ်တပ် လက်နက်ကြီးကြောင့် မိခင် သေဆုံးပြီး ပြင်းထန်ဒဏ်ရာနဲ့ ကျန်ရစ်တဲ့ ကလေးငယ်အတွက် ဆေးကုသစရိတ် လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA  ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ယောက် သေဆုံးပြီး ကလေး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။