တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ တပ်ရင်း (၂၈၀) ကနေ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) က မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ ယောက်ဟာ အောက်တိုဘာ ၁ ရက် မနေ့က K.N.L.A တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံ လက်နက်မဲ့ အလင်းဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင် စစ်သား ၂ ယောက်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံရပြီးနောက် တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာဘက်ရှိ ရှေ့တန်းကို အပို့ခံရချိန်မှာ ထွက်ပြေးလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း သိန်းခွန် ရှေ့တန်းစခန်းကနေ အဓမ္မစစ်မှုထမ်း စစ်သား ၄ ယောက်က K.N.L.A တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံ ဘက်ပြောင်းခိုလှုံခဲ့ပါသေးတယ်။

အကြောင်းအမျိုးမျိုးကြောင့် အကြမ်းဖက်စစ်တပ်ထံ မတရားစစ်မှုထမ်း ခိုင်းစေခံရနေတဲ့ စစ်​သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ ရရာနည်းနဲ့ အလင်းဝင်ဖို့လည်း KNU က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ဇီးကုန်းမြို့ KTV မှာ ပျော်ပါးနေသည့် စစ်သား ၇ ဦး တိုက်ခိုက်ခံရပြီး အားလုံး သေ

ပဲခူးတိုင်း၊ ဇီကုန်းမြို့ပေါ် KTV မှာ လာရောက်ပျော်ပါးနေတဲ့ စစ်ကော်မရှင်တပ်သား ၇ ယောက်ကို ဝင်ရောက်တိုက်က်ရာ စစ်သား ၇ ယောက်လုံး သေဆုံးသွားပြီး သူတို့ရဲ့ လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ နတ်စစ်သည်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပင်လည်ဘူးရှိ အင်္ဂါးကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်၊ ဆရာမ ၁ ဦးသေဆုံးပြီး ကလေးငယ်တွေအပါ အများအပြား ထိခိုက်ဒဏ်ရာရ…

" ပေါင် ၃၀၀ တွေ ကြဲသွားတာဖြစ်မယ်ဗျ။ ကျောင်းဝန်းထဲက ဝန်ထမ်းနေအိမ်တွေအပေါ် ၁ လုံးကျတယ်။ ကျောင်းဝန်းထဲ ၁ လုံးကျတယ်။ ဗုံး ၂ လုံးက ပေ ၃၀ အကွာကို တစ်ပြိုင်တည်း ကျတယ်ပြောရမယ်။ အတည့်ကျတဲ့အိမ်ကတော့ လုံးဝ ပျောက်သွားတယ်။ ဘေးကပ်လျက်အိမ်တွေလည်း အကုန်ထိ၊ မီတာ၁၀၀ ဝန်းကျင်က အိမ်တွေပါ မလွတ်ဘူး။ ကျောင်းနဲ့ဝန်ထမ်းအိမ်တွေက ပေ ၁၀၀ ကျော်ကျော်လောက်ပဲ ရှိတယ်​လေ။ ဗုံးကျတဲ့နေရာတွေဆိုလည်း အကျယ် ၁၀ ပေပတ်လည်နဲ့ ၁၀ ပေအနက်လောက်ရှိမယ့် ကျင်း ၁ ခု နဲ့ ၃ ပေအနက်လောက် ကျင်း ၁ ခု ဖြစ်သွားပါတယ်။" လို့ ဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းတွင် ထင်ရှားသော မှတ်တိုင်တစ်ခု၊ မျိုးဆက်ပေါင်းများစွာ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြနေဟု NUG ပြော

ဒီနေ့မှာ ကျရောက်တဲ့ ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှာ ထင်ရှားတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး မျိုးဆက်ပေါင်းများစွာရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၆၃) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးဟု ဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်ဘက်က အနည်ဆုံး ၁၅ဦး သေဆုံးပြီး လက်နက်တချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စလင်းတွင် ရဲစခန်း ၂ ခုနှင့် ရုံးပေါင်းစုံရုံးရှိရာကို ပကဖတိုက်ခိုက်ရေးတပ်များ လက်နက်ကြီးများ၊ RPG 7 များနှင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်အုပ်စုတွေရှိရာ စလင်းမြို့မရဲစခန်း၊ ရုံးပေါင်းစုံနဲ့ လင်းဇင်တိုက်နယ်ရဲစခန်းတို့ကို RPG 7 အပါဝင် လင်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မော်လိုက်ထောင်မှာ အင်အားသုံးဖြိုခွင်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ၏ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု အစီရင်ခံစာ ထွက်ပေါ်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့လက်နက်သုံး​ဖြိုခွင်းမှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊ အချုပ်သားတွေရဲ့ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု ၃ နှစ်ပြည့် အစီရင်ခံစာတစ်ခုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။