ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂ ယောက်သေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ် ပြန်ထားပါတယ်။

အောက်တိုဘာ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ကမ်းပြိုကြီးကျေးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာတဲ့ အင်အား ၂၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို သဲကောဆည်လမ်းဆုံမှာ ‌တော်လှန်ရေးရဲဘော်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိနစ် ၄၀ ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ ရဲ ၂ သေဆုံးကာ G3 သေနတ် ၁လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၄၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၁ ချောင်း၊ ဘတ်တံဆိပ် ၂ ခု၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၂၈၀၀၀ကျပ်နဲ့ မှတ်ပုံတင်ကတ် ၁ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂

0 Shares:
You May Also Like
Read More

ဆုံရွာပျူစခန်းနဲ့ ငါန်းမြာကြီးကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းနဲ့ ငါန်းမြာကြီးကျေးရွာက ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွာမီးရှို့ပြီး ပြန်လာသည့် စစ်တပ်ယာဉ်တန်းကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဗလဘကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယာဉ် ၄ စီးကို ဧပြီ ၂၄ ရက် ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးမြို့ကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်နဲ့ အက်စစ်တင်ယာဉ် ၅၁ စီး ကို ဖေဖော်ဝါရီ ၁၉ ရက်က ချောင်းဦးမြို့အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို Rc plane ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Burmese Peacock Defense Force-BPDF မှ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက် ၂ ရက်ဆက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးကို ဗမာ့ဒေါင်းဒရုန်းတပ်ဖွဲ့မြိုင်နယ်(ပကဖ)၊ မုံရွာခရိုင် အမှတ်(၄)တပ်ရင်းနဲ့ အညာဖိုက်တာ Local PDF မဟာမိတ် အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဇန်နဝါရီ ၇ ရက် မနေ့ညနေပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ် ၃ စီးကို ချောင်းဦးနဲ့ နတ်ရေကန်အကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Seven People Defence Force - SPDF ထံက သိရပါတယ်။