ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကနေ တအာင်းတပ် (TNLA)တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်တပ်က ကျောက်မဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေဟာ မနေ့က ကျောက်မဲမြို့အဝင် ဆိုင်းဘုတ်အထိ ရောက်ရှိလာခဲ့တာဖြစ်ပြီး မနေ့က နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က မြို့ပေါ်ကို ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်အစောပိုင်းမှာတော့ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေဟာ ကျောက်မဲမြို့ပေါ်အထိ ဝင်ရောက်လာနိုင်ခဲ့ပြီး မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ ကျောက်မဲပြည်သူ့ဆေးရုံ၊ အစိုးရရုံး၊ ဌာနဆိုင်ရာရုံးတွေ၊ ရဲစခန်းတွေနဲ့ စာသင်ကျောင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ အကြမ်းဖက်စစ်တပ်ရဲ့ လော်ဘီချန်နယ်တွေက သတင်းတွေ ဖော်ပြနေပါတယ်။

ကျောက်မဲမြို့လယ်က မြို့နယ်ရဲစခန်းနဲ့ သစ်တောဦးစီးဌာနရုံးအပါအဝင် ဌာနဆိုင်ရာရုံးတချို့လည်း အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်ခဲ့ပြီး စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနေ့က ကျောက်မဲမြို့နယ် ပင်တီးရွာနဲ့ နောင်ချိုမြို့နယ်က ဘန်ကာချောင်းရွာတို့မှာ TNLA နဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ဆိုပါတယ်။

လက်ရှိမှာတော့ ကျောက်မဲမြို့ပေါ်ကနေ သီပေါမြို့ဘက်အထွက်မှာ TNLA တပ်တွေ ရှိနိုင်သေးပြီး တိုက်ပွဲတွေတော့ ဆက်လက်ဖြစ်နိုင်သေးသလို ကျောက်မဲမြို့အနီးက စစ်ကော်မရှင်တပ်ရဲ့ ခြေမြန်တပ်ရင်း ၅၀၁၊ ၅၀၂ တပ်တွေနဲ့ စကခ ၁၂ တပ်တွေကို TNLA က ဆက်လက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့နယ်ကို သာလွန်အင်အားအပြင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတွေကို အသုံးပြုပြီး ရမ်းသမ်းပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်း‌ရှောင်နေရတယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပေါင်းတည်၊ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက် 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီရဲ့ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုင်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (၂၁) ၊ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။  
Read More

ကရင်နဲ့မွန်အစပ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဇီးနစ်ဒေသအနီီးမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ ဘုရင့်နောင် တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှု သင်တန်းသား ဗိုလ်မှူးများအပါ ၇ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးသွားတယ်လို့ Brave Warriors For Myanmar (BWM) က နောက်ဆက်တွဲ သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်အုပ်စု၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း ၅၀၀ ကျော် ခုခံတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးရဲဘော်များကို KNLA ဌာနချုပ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်

အကြမ်းဖက် စစ်အုပ်စုရဲ့ သာလွန် လက်နက်နဲ့ သာလွန် လူအင်အားများစွာ ပါဝင်တဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း ၅၀၀ ကျော် ခုခံတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဌာနချုပ်က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် အဝတ်လှန်းရင်း ကျည်ထိမှန်သေဆုံးခဲ့သူ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ဆိုင်ကယ်စီးနင်းလာသူ ၁ယောက်ကို ဦးထုပ်မပါတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က လိုက်လံပစ်ခတ်ရာ နေအိမ်အတွင်း အဝတ်လှန်းနေသူတစ်ယောက်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း Yeasgyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။
Read More

မင်းကွန်းဒေသရှိ ငလျင်ဘေးသင့်စစ်ရှောင်ပြည်သူများကို အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ တစ်နပ်စာ ထမင်းအာဟာရဒါနပြုခဲ့…

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး နှစ်ဆန်းတရက်နေ့က မင်းကွန်းဒေသရှိ ငလျင်ဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် တစ်နပ်စာထမင်းအာဟာရအလှူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။