ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂၂) ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးအဖွဲ့တွေက မိုင်း၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ထံက သိရပါတယ်။ 

မနေ့က စက်တင်ဘာ ၃၀ ရက် ည ၁၁ နာရီ ဝန်းကျင်အချိန်မှာ အဆိုပါ အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

(၂၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ကြီးအပါအဝင် လူမိုက်အဖွဲ့တွေက ရွေးကောက်ပွဲကိစ္စတွေ ဆောင်ရွက်နေပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ စစ်မှုထမ်းလိုအပ်တဲ့နေရာတွေကို ရောင်းစားတာ၊ လူကုန်ကူးတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အုပ်ကြီးက အရင်က ရဲ။ ရဲကနေထွက်ပြီး အုပ်ကြီးနေရာဝင်ယူပြီး ရပ်ကွက်နေ ပြည်သူတွေကို လူပါးဝအနိုင်ကျင့်နေတာပါ၊ ကျနော်တို့ဆီ တာဝန်သိပြည်သူတွေ သတင်းပေးချက်တွေအရ အုပ်ချုပ်ရေးမှူး တော်တော်များများရဲ့ အချက်အလက် အသေးစိတ်ကအစ ရထားပါတယ်။ ဒါမှ လူပါး ဝချင်သလောက်မဝဘဲ ဆင်ခြင်မှာ၊ မဆင်ခြင်ရင်တော့ ကျနော်တို့ တနေ့နေ့အရောက်လာခဲ့မှာပါ” လို့ Yangon Army  တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကိုတော့ Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်နဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေ၊ စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်လုပ်ကိုင်နေကြသူတွေကို ဆက်လက်ပြီး အပြင်းအထန် တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

လွိုင်လင်လေးမြို့နယ်တွင် စစ်ကောင်စီတပ် အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၈ နှစ်အောက် ကလေးအပါ အရပ်သား ၄ ဦး ဒဏ်ရာရ

ကရင်နီပြည်နယ် ၊ လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀) တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ကျေးရွာ တစ်ရွာအတွင်း အကြောင်းမဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ၁၈ နှစ်အောက် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၂ က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်ရာ ၆လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

မတ္တရာမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ဦး ဒဏ်ရာရ၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Voice Of Mandalay ထံက သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် လူ ၃၀ ကျော် သေဆုံးထားသည့် စဉ့်ကူးကို အကြမ်းဖက်စစ်တပ် တိုက်ပွဲမရှိဘဲ ဗုံးကြဲ

ငလျင်ဒဏ်ကြောင့် အရပ်သား ၃၀ ကျော် ၄၀ နီးပါးသေဆုံးထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်​ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးပြီး အရပ်သား ၂ယောက် ထိခိုက်ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ပြင််ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်၊ ၃ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအချို့ ရရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကယန်းအမျိုးသားတပ်မတော်(KNA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း သေဆုံးကာ သေနတ် ၂လက်နဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA) က ထုတ်ပြန်ပါတယ်။
Read More

(၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားအား KNDO စစ်ဌာနချုပ်တွင် ကျင်းပ

ဇူလိုင်လ (၁၆)ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO DAY) ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။