ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်ရုံးကို စက်တင်ဘာလ ၃၀ ရက် မနေ့ညပိုင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေ လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြို့ပြကြွက်ကွန်ယက်ထဲက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြင်းအားမြင့် လက်လုပ်မိုင်း ၂ လုံးနဲ့ လက်ပစ်ဗုံး ၂ လုံး အသုံးပြုခဲ့တယ်လို့သိရပါတယ်။

ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကင်းလှည့်ဖို့ပြင်နေတဲ့ ရပ်ကွက်ရုံးအတွင်းက စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ ထိခိုက်မှုများခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်တာဝန်ရှိသူက ပြောပါတယ်။

“ရုံးထဲမှာ သူတို့တွေ ကင်းပတ်ဖို့ စုနေချိန်ကို စောင့်ပြီး အထဲဝင်အောင် ပစ်ခဲ့တာပါ။ မိုင်းရောဗုံးရော ရုံးထဲပေါက်ကွဲတယ်။ အထိအခိုက်များတယ်။ သိရသလောက် ပျူ ၂ ကောင်၊ ရဲ ၁ ကောင်ကတော့ ဒဏ်ရာပြင်းတယ်” လို့ မြို့ပြကြွက်ကွန်ယက်တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံကား ၂ စီးနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

တောင်ဥက္ကလာပ ၁၀ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး

မြို့ပြကြွက်ကွန်ယက်အနေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို စုစည်းထားပြီး ရန်ကုန်မြို့တွင်း စစ်ရေးလှုပ်ရှားမှုတွေကို အဓိက ဖော်ဆောင်နေတာဖြစ်ကြောင်းနဲ့ မကြာခင်ပြုလုပ်တော့မယ့် အတုအယောင် ရွေးကောက်ပွဲအတွက်လည်း ပိုပြီးပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

“မြို့ပြကြွက်က အဖွဲ့တခုတည်းကို ကိုယ်စားပြုတာမဟုတ်ပါဘူး။ ကျနော်တို့ကွန်ယက်ထဲမှာ UG အဖွဲ့တွေကို ပေါင်းစုထားတာပါ။ တစ်ဖွဲ့ချင်းစီရဲ့ နာမည်ကိုတော့ မကြေညာတော့ပါဘူး။ အခုဆို ရွေးကောက်ပွဲလုပ်တော့မှာဆိုတော့ အဓိကထောက်တိုင် ရပ်ကျေးရုံးတွေကို အဓိကထား တိုက်ခိုက်နေပါတယ်။ ဆက်ပြီးတော့လည်း ဒီထက်ပိုပြင်းထန်တာတွေ လုပ်သွားမှာပါ” လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလားတူ စက်တင်ဘာလ ၃၀ ရက် မနေ့ကညပိုင်းမှာပဲ မြောက်ဥက္ကလာပမြို့နယ်၊ ၂၂ရပ်ကွက်ရုံးကိုလည်း အနောက်ပိုင်းခရိုင်ပကဖ၊ Yangon Army (YA) တို့ ပြင်းအားမြင့် မိုင်း၁လုံး၊ လက်ပစ်ဗုံး၂ လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ၂၉ ရက် ညပိုင်းကလည်း ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်က ဗဟန်းရဲစခန်းကို Operation Flame နဲ့ ပူးပေါင်းပကဖ ၃ ဖွဲ့ က လက်ပစ်ဗုံးတွေသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အတုအယောင်ရွေးကောက်ပွဲ အတင်းအကျပ် စတင်နိုင်ဖို့ ကြိုးစားလာချိန်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ထားတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ရန်ကုန်မြို့အတွင်း စစ်တပ်ထောက်တိုင် ယန္တရားတွေကို အရင်လို ခပ်စိပ်စိပ် ပြန်ပြီးတိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

သတင်းထောက်လှမ်းနေတဲ့ အရပ်ဝတ် စစ်သားကို ရေးဘီလူး အရှင်ဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်လမ်းဝအနီးမှာ သတင်းထောက်လှမ်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက်ကို ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အရှိန်မြှင့်လာသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၇၃ ဦး သေဆုံးခဲ့

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ အရှိန်မြှင့်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၃ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်က ဖီမော်မြို့ကို KIA တိုက်ခိုက်သိမ်းပိုက်

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဖော်ပြလာပါတယ်။
Read More

MNDAA ၏ စစ်သုံ့ပန်းဟောင်း နမခစစ်တိုင်းမှူး မျိုးမင်းထွေး အမိန့်ဖြင့် ဂန့်ဂေါနယ်ရှိ အရာရှိအချို့နှင့် စစ်မှုထမ်းအများစုပါသည့် စစ်အင်အားများ ကလေးမြို့ကိုရောက်ရှိ၊ စစ်ကြောင်းများပြိုင်ထိုးရန် လုပ်ဆောင်နေ

မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ်က ဗျူဟာမှူးအပါအဝင် အကြမ်းဖက်အရာရှိတချို့နဲ့ စစ်အင်အားတွေကို မုံရွာ၊ နမခတိုင်းမှူး မျိုးမင်းထွေးက ကလေးမြို့ဆီခေါ်ယူ အင်အားဖြည့်တင်းရင်း နမခနယ်မြေအတွင်းစစ်ကြောင်းတွေ ပြိုင်ထိုးခိုင်းဖို့ လုပ်ဆောင်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
Read More

အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ကအိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူအရေအတွက် ၂၂ယောက်အထိ ရှိလာပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ က တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ စုပေါင်းပြီး စစ်ကြောင်းမှူးကို သီတင်းကျွတ်ကန်တော့ပွဲ ပြုလုပ်… (ဓာတ်ပုံသတင်း)

သီတင်းကျွတ် ဆရာကန်တော့ပွဲအဖြစ် ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်းက တပ်ဖွဲ့ဝင် ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကို ကန်တော့တဲ့ ကန်တော့ပွဲ ပြုလုပ်ခဲ့တယ်လို့ ABSDF စစ်ကြောင်း ၃ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။