ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီ ၊ ချောင်းဦးမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး စစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

သပိတ်စစ်ကြောင်းမှာ ရဲဘော်ဇွဲလေးက လူထုကို အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေကောက်ပွဲသာဖြစ်ကြောင်း၊ သူတို့ရဲ့ ထွက်ပေါက်သာ ဖြစ်ကြောင်း၊ လူထုအနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တိုက်တွန်းနှိုးဆော်ရင်း သတင်းစကားပေးခဲ့တယ်လို့ သိရပါတယ်။

Video – General Strike Coordination Body

0 Shares:
You May Also Like
Read More

ရေးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ရေးဘီလူးတပ်ဖွဲ့ တိုက်ပွဲဖြစ် (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိပ်ပုတ်ရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရေးဘီလူးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က သတင်းထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်နယ် ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၉ ယောက် သေ (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စနိုက်ဘာနဲ့ သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းဖြစ်တာကြောင့် သမ္မတလုပ်ချင်ပါတယ် ပြောလို့မရဟု ပြုံးဖြီးဖြီးဖြင့်ပြောကြား၊ သမ္မတ မလုပ်ချင်ဘူးဟုလည်း မငြင်း

အရပ်သားအစိုးရဆီက အာဏာလုယူထားပြီး အတုအယောင် ရွေးကောက်ပွဲအပါအဝင် လက်ရှိ တိုင်းပြည်ရဲ့ ကိစ္စရပ်တိုင်းကို စိတ်တိုင်းကျ ခြယ်လှယ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အနေနဲ့ နိုင်ငံဝန်ထမ်းဖြစ်တာကြောင့် သမ္မတ လုပ်ချင်ပါတယ်လို့ ပြောလို့မရကြောင်း ပြောဆိုပါတယ်။
Read More

AA သိမ်းယူဖို့ နေရာအနည်းငယ်သာ ကျန်တော့တဲ့ အမ်း နပခ ရဲ့ ပကတိမြေပြင်အခြေအနေ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ တောင်ကုတ်မြို့က အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်ပြီးနောက် အမ်းမြို့နဲ့ ဂွမြို့က စခန်းတွေကို တရပ်စပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ အာရက္ခတပ်တော် (AA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ကော်မရှင်ကား ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေ၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ကားကို ပြောက် ကျားတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရဲဘော်တွေရဲ့ အသက်အန္တရာယ်လုံခြုံဖို့ “အမေ့အိမ်သို့ အပြန်လမ်း” မှာ ပါဝင်ကူညီအားဖြည့်နိုင် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေးကို အပြီးသတ် တွန်းလှန်ချေမှုန်းနိုင်ဖို့ မဟာမိတ်ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ Justice Soldier PDF ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ ပရောဂျက်တစ်ခုပြုလုပ်ထားတယ်လို့ သိရပါတယ်။