မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဟန်ရေးပြ စစ်ရေးလှုပ်ရှားတဲ့အနေနဲ့ စက်တင်ဘာလ တစ်လအတွင်း ကျေးရွာတွေကို ၈ ကြိမ်ထက်မနည်း အင်အားပြ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၃၀ ရက် မနေ့ မနက်အစောပိုင်းကလည်း ထီးလင်းမြို့ပေါ်ကနေ အင်အား ၁၀၀ ကျော်နဲ့ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မြို့နဲ့ ၅မိုင်အကွာမှာရှိတဲ့ ကျေးရွာတွေကို ဦးတည်လာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ကြောင်းမှာ တပ်မ ၅၅ လက်အောက်ခံ စစ်သားတွေအပြင် ပျူစောထီးနဲ့ ရဲတွေလည်း ပါတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ကွမ်းဇဲနဲ့ အုန်းထွဲရွာတွေကို ဖြတ်ကျော်ကာ ဝါးရင်းချိုင်ရွာကို ဦးတည်ဟန်ပြရင်း ကျားခဲရွာကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ရွာထဲက အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ပြီး အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ထီးလင်းမြို့ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

ယောဒေသအခြေစိုက် ယောအလင်းတန်းကတော့ ထီးလင်းမြို့နယ်အတွင်း ထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်းတွေဟာ ဟန်ပြရွှေ့လျားနေတာဖြစ်ပေမယ့် အရပ်သားတွေ ကြိုတင်သတိရှိဖို့ လိုတယ်လို့ သတိပေးထားပါတယ်။

“ဒီလထဲ သူတို့တွေ ခပ်စိပ်စိပ် စစ်ကြောင်းထွက်တယ်ဗျ။ ၇ ကြိမ်၊ ၈ ကြိမ်လောက် ရှိပြီ။ ထူးခြားတာက ရွာတစ်ရွာဝင်ပြီးရင် အရင်လို တစ်ရက်နှစ်ရက်နေတာမျိုးမဟုတ်ဘဲ ၁၅ မိနစ် မိနစ် ၃၀ လောက်ပဲ နေတယ်။ ပြန်တယ်ပေါ့။ အထက်အမိန့်အရ မဖြစ်မနေ စစ်ကြောင်းထိုးရတာမျိုးလို့တော့ ကြားပါတယ်” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ထီးလင်းမြို့နယ် အရှေ့ခြမ်းနဲ့ ပေါက်မြို့နယ် အနောက်ခြမ်း ပုံတောင်တစ်နေရာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ထီးလင်းမြို့နယ်အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ လုပ်ဆောင်မယ့် မြို့နယ်ထဲ မပါဝင်ပေမယ့် ထိစပ်နေတဲ့ ဂန့်ဂေါမြို့မှာတော့ စစ်အုပ်စုက ရွေးကောက်ပွဲလုပ်ဆောင်ဖို့ရှိနေပြီး ရပ်ရွာရုံးတွေကို စစ်သားနဲ့ရဲတွေ လုံခြုံရေးချထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ထီးလင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ မောချောင်းရေမြင့်တက်ပြီး ကျေးရွာတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းဗီဒီယို စံချိန်တင် ၈၀,၀၀၀ ပြည့်

မနက်ဖြန် ဇွန် ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ ပြည့်မွေးနေ့ ကမ်ပိန်းအတွက် မွေးနေ့ဆုတောင်းဗီဒီယိုပေါင်း ၈၀,၀၀၀ ပြည့်သွားပြီဖြစ်တယ်လို့ ကမ်ပိန်းစာမျက်နှာကနေ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

စဥ့်ကူးနှင့် သပိတ်ကျင်းရှိ စစ်ရှောင်စခန်း (၅)ခုကို PDF TRI ဗျူဟာ ရိက္ခာထောက်ပံ့၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပံ့ပိုးမှုများ ပေးခဲ့

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ယာယီစစ်ဘေးရှောင် စခန်း (၅)ခုကို ရိက္ခာ ထောက်ပံ့ခဲ့ပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပံ့ပိုးမှုတွေ ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် KIA/KPDF နှင့် SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ၂ဖက် ထိခိုက်မှုရှိ၊ SNA ဘက်မှ စနိုက်ပါသမားနှင့် တပ်သား ၁ဦးကို မူးယစ်ဆေးများနှင့် ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ KIA/KPDF တပ်တွေနဲ့ SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ၂ ဖက် အပြန်အလှန် ထိခိုက်မှုတွေရှိတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

ရေဘေးအလှူဆိုပြီး PDF အယောင်ဆောင်ကာ ငွေကြေးကောက်ခံမှုတွေရှိနေ

ပဲခူးတိုင်းထဲမှာ ရေဘေးကို အကြောင်းပြပြီး ပဲခူးတိုင်းလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ PDF အယောင်ဆောင်ကာ ရွှေဆိုင်နဲ့ ရတနာဆိုင်တွေကို မသမာသူတွေက ချိန်းခြောက်စာတွေပို့ကာ ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။
Read More

ဆောင်နန်းခဲတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ PNA တပ်မှ တပ်ခွဲမှူးအဆင့်ရှိ နောင့်စိုင်းသေဆုံး

ရှမ်းပြည်နယ်‌တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်ရှိ ဆောင်နန်းခဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA တပ်တွေ သိမ်းပိုက်​ပြီးနောက် တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ PNA တပ်မှ တပ်ခွဲမှူးအဆင့်ရှိ နောင့်စိုင်းသေဆုံးသွားတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းဖော်ပြထားပါတယ်။
Read More

ကမ္မဒေသရှိ ကျေးရွာများကို စစ်ကောင်စီ ၅ ရက်ဆက် လေကြောင်းတိုက်ခိုက်၊ ဗုံးသီး ၁၀၀ နီးပါး အသုံးပြုခဲ့ပြီး နေအိမ်များပျက်စီးကာ စစ်ရှောင်များ ထိခိုက်သေဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မဒေသကျေးရွာတွေကိုလေကြောင်းကတဆင့် ၅ရက်ဆက် ဗုံးသီး ၁၀၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး စစ်ရှောင်အရပ်သား ၁ယောက် သေဆုံးခဲ့ရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။