တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ စစ်တပ်ဘက်က အထိနာခဲ့ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက် ဒီမနက် ၇နာရီလောက်မှာ သရက်ချောင်းမြို့ကနေ တောင်ပျောက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ရဲ့ တပ်ရင်း (၄၀၃)၊ (၄၀၄)၊ (၄၀၅) ပူးပေါင်းစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၂) နဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူတွေ ရှိပေမယ့် အရေအတွက် အတိအကျတော့ မသိရဘူးလို့ ဆိုပါတယ်။ အဲဒီနောက် အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျောက်လှေကားရွာထဲဝင်ပြီး ပြည်သူနေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“အဲဒီနေရာတလျှောက်မှာရှိတဲ့ ရွာတွေကို မီးရှို့တာ.. အရင်ကလည်း မီးရှို့တယ် ၊အခုလည်းထပ်ပြီးတော့ နောက်ထပ်တစ်ရွာရှို့တာ၊ တချို့ရွာက တိုက်ပွဲနဲ့ ဘာမှမပတ်သက်လည်းပဲ သူတို့ကမီးရှို့တာပဲ၊ ပစ်ခတ်မှုမှာ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေရှိနိုင်တယ်။ ဒါပေမယ့် အတိအကျတော့ ပြောလို့မတတ်ဘူး” လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကိုပြောပါတယ်။

စက်တင်ဘာ ၂၄ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က မြိတ်-ထားဝယ်ခရိုင်၊ ပုလေ (လယ်မူလားမြို့နယ်)၊ ပလောကျေးရွာအုပ်စု၊ ကဝက်ကျေးရွာထဲကို ခလရ-၂၈၅ တပ်ကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အသက် ၆၀ ဝန်းကျင် အမျိုးသမီးတစ်ယောက် ဒဏ်ရာရပြီး နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ဇူလိုင်လအတွင်း မွန်ပြည်နယ်မှာ ပစ်ခတ်တိုက်ပွဲများဖြစ်ပွား၊ နှစ်ဖက်သေဆုံးမှုများရှိပြီး ပြည်သူများလည်း ထိခိုက်သေဆုံးခဲ့

မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လဂွန်းအိမ်စာစဥ်က မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်ခဲ့ရာ ဇူလိုင်လမှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၆ ယောက်၊ ဒဏ်ရာရသူ ၂ ယောက်နဲ့ ဖမ်းဆီးခံရသူ ၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ GTC ရှိ အကြမ်းဖက်စစ်အုပ်စု နေရာများ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နည်းပညာတက္ကသိုလ်(GTC) ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၂) ဒေါင်းမျိုးဆက် က ထုတ်ပြန်ထားပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့ အမည်ခံ ခြိမ်းခြောက် ငွေလိမ်နေသူများကို ထိရောက်စွာ အရေးယူမည်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အယောင်ဆောင်ကာ ငွေကြေးခြိမ်းခြောက်တောင်းခံမှုတွေ ရှိနေကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဓားစာခံများအား ဖမ်းဆီးလာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးကာ ပြည်သူ ၇ဦး ထွက်ပြေးလွတ်မြောက်

“ကလေးငယ်တွေအပါအဝင် အမျိုးသမီးနဲ့ အမျိုးသား ၄၀ လောက်ကို ဖမ်းတယ်။ ၂၃ရက်နေ့မှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပြန်လွှတ်ပေးတယ်။ ၂၄ရက်နေ့ကျ ဘန့်ဘွေးကုန်းရွာက စခ စခန်းဆီ အမျိုးသားတွေ ဖမ်းခေါ်လာတယ်သတင်းရလို့ စောင့်တိုက်တာ။ ဘန့်ဘွေးကုန်းက စခ စခန်းကို မသာ ၁၅လောင်းနဲ့ ဒဏ်ရာရ ၃ကောင် သယ်လာတယ်လို့ ကြားသိရတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီ လေယာဥ်ဖြင့် ၂ ရက်ဆက် ဗုံးကြဲ၊ PDF ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး ​

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နမခ မှ ထွက်လာသည့် စစ်ကားများကို မုံရွာ-ချောင်ဦးလမ်းပေါ် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး​ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကထွက်လာတဲ့ စစ်​ကောင်စီကားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၇ယောက် သေဆုံးကြောင်း ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း Idoits Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။