ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်အတွင်းရှိ CD ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၄၅၀ ခန့် ကြိုတင်ပြောကြားခြင်းမရှိဘဲ အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ အေအေစီရဲမင်းက ၎င်းရဲ့ လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေက အလုပ်ဝင်စမတ်ခ တစ်ယောက်ကို ၁၉၀၀၀ ဘတ်ပေးခဲ့ရပြီး ၃လသာ အလုပ်လုပ်ခဲ့ရပြီး ယခုလိုအလုပ်ဖြုတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

”အလုပ်သမားတစ်ယောက် အလုပ်စမတ်ခ တစ်ဦး ၁၉၀၀၀ ဘတ် ယူပြီး သုံးလလောက် ခေါ်ခိုင်းလိုက် အလုပ်ဖြုတ်လိုက် ငွေယူလူသစ် သွင်းလိုက်လုပ်နေတဲ့ လူပါးဝတဲ့ ဆပ်ကုမ္ပဏီတစ်ခုက မြန်မာလုပ်သားတွေကို ဒုက္ခပေးနေတာ၊MHAC မဟာမိတ်အဖွဲ့ မှ ထိုင်းဥပဒေပါအတိုင်း ကူညီပေးရန် အမြန်ဆုံးသွားရောက်နေပါပြီ”လို့ ကိုရဲမင်းက ဆိုပါတယ်။

လက်ရှိ မြန်မာအလုပ်သမားတွေက MHAC မဟာမိတ်အဖွဲ့ကို အကူအညီတောင်းခံလာတဲ့အတွက် ထိုင်းဥပဒေအတိုင်း လိုက်ပါကူညီပေးလျက်ရှိတယ်လို့ သိရပါတယ်။

Video-အေအေစီရဲမင်း

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် KRF တပ်ဖွဲ့၀င်များကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ ဒေသခံပြည်သူ​တွေက​ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ KRF က ထုတ်ပြန်ထားပါတယ်။
Read More

ဦးလေးဖြစ်သူ ရဲတပ်ဖွဲ့ဝင်ရဲ့ ဖမ်းဆီး စစ်မှုထမ်းခိုင်းထားခြင်းခံရတဲ့ ဘုန်းကြီးကျောင်းသား စစ်သင်တန်းကနေ ထွက်ပြေးလာသူရဲ့ ပြောကြားချက် (ရုပ်/သံ)

''ကျွန်တော်ကတော့ PDF က ပြည်သူထဲက ပြည်သူပဲ။ သင်တန်းပြီးရင် PDF နဲ့ ပြန်တိုက်ခိုင်းမှာ။ မတိုက်နိုင်ဘူး။ ကျွန်တော်တို့ ပြေးလို့ မလွတ်လာလို့ ပါသွားခဲ့ရင်တောင်မှာ ရှေ့တန်းရောက်ရင် အလံဖြူပြမှာပဲ။ အလံဖြူပြမယ့်သူတွေလည်း တပုံကြီး။ အကုန်လုံးက ပေါ်တာဆွဲခံရတဲ့ သူချည်းပဲ"
Read More

‘ညီလေးက ပြည်သူ့သားကောင်း ဖြစ်မယ့်ကောင်’ ဆိုပြီး အချုပ်ထဲထည့်ကာ ညောင်ကျိုးတိုက်ပွဲအထိ ပို့ဆောင်ခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား နန်းလင်းသူ၏ ပြောကြားချက် (ရုပ်/သံ)

''တိုက်ပွဲအနေအထားက တော်တော်ကြမ်းတယ်။AA ထိုးစစ်ကလည်း ကြမ်းတယ်။ တက်သွားတုန်းက အင်အား ၂၀၀ လောက်တက်သွားတာ။ အောက်ကို ပြန်ဆင်းတော့ ၁၂၀ လောက်ပဲ ပြန်လာ တော့တယ်။ နတ်စင်ကုန်းဘက်ကို ပြန်ဆုတ်လာတာ တာဝါတိုင်ကုန်းကို တက်ပြီး ထိုးစစ်ဆင်တော့ အကျအဆုံးများတယ်ဆိုပြီ။ အဲဒီနတ်စင်ကုန်းကို AAက ထပ်ပြီးထိုးစစ်ဆင်တယ် ၂ ရက် ၃ ရက် ခြား။ စနိုက်ဘာနဲ့ နည်းနည်း နည်းနည်း ထိပြီးကျတာ။ အမှည့်ခြွေ ခြွေခံရတာ။ ၇၀ လောက်ပဲရှိတော့ တယ်။ အဲလည်းကျ AAက အင်အား ၁၀၀၀ လောက်နဲ့ဝင်ပြီးတော့ လုံးလိုက်တော့ အခုညောင်ကျိုး ကျသွားပြီ''
Read More

အကြမ်းဖက်စစ်ကော်မရှင်၏ အတင်းအဓမ္မတပ်သားစုဆောင်းခြင်းခံခဲ့ရသည့် အသက် (၁၆)နှစ်အရွယ် မောင်ဇင်ကိုကို (ရုပ်/သံ)

အသက် (၁၆)နှစ်အရွယ် မောင်ဇင်ကိုကိုဟာ မိဘတွေ အဆင်မပြေတဲ့အတွက် ကျောင်းပိတ်ရက် စပါး ထွက်ထမ်းခဲ့ရာကနေ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်း ခံခဲ့ရသူဖြစ်ပါတယ်။
Read More

ပါတီနိုင်ငံရေးတွေ စိတ်မဝင်စား၊ စစ်အာဏာရှင်ဖြုတ်ချရေးသာ အသွေးနဲ့အသား ပေးဆပ်ထားသူ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ (၂) မှာ တာဝန်ထမ်းဆောင်တဲ့ ရဲဘော်နေလင်းဟာ တိုက်ပွဲအတွင်း ဒဏ်ရာ ကြီးကြီးမားမား ၂ကြိမ် ရခဲ့ပြီး လက်ရှိမှာ ရှေ့တန်းတိုက်ပွဲတွေမှာ မပါဝင်နိုင်တော့ဘဲ ရရာအခန်းကဏ္ဍကနေ တော်လှန်ရေးခရီးကို ဆက်လျှောက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ 
Read More

မုံရွာခရိုင် အမှတ်(၁) တပ်ရင်းထံ ပြည်သူ့စစ် ၂ ဦး အလင်းဝင် (ရုပ်/သံ)

တပ်မ ၆၆ လက်အောက်ခံ၊ ခမရ (၄) က အလင်းဝင်လာတဲ့ ပြည်သူ့စစ် ၂ ယောက်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို မုံရွာခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။