ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အင်းလေးဒေသအတွင်း နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီး လောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၃၀ ရက် ဒီမနက်အစောပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ညောင်ရွှေမြို့နယ် အင်းလေးဒေသ ငါးဖယ်ချောင်း ကျေးရွာအုပ်စု သပြေပင်ရှေ့အမှတ် (၁) ရပ်ကွက် နေအိမ် ၁ လုံးကို မိုးကြိုးပစ်ခဲ့ကာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိပေမယ့် နေအိမ်ကတော့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြားသေပြီး ပြည်သူ ၇ ယောက် ကယ်ဆယ်နိုင်ခဲ့ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်အတွင်း ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး ပြည်သူ ၇ ယောက်ကို ကယ်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။
Read More

မြင်းမူမြို့ရွှေဆိုင်မှာ ဓားပြတိုက်လာသူ ၄ ယောက်ကို PDF ရဲဘော်တွေက ဖမ်းဆီးပြီး ရွှေထည်ပစ္စည်းများကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့ ရွှေဧကရာဇ်ရွှေဆိုင်မှာ ဓားပြတိုက်ပြီး ပြန်လာတဲ့ အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးပြီး ရွှေထည်ပစ္စည်းများကို မူလပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေမှုများအား ရပ်တန့်ရန် သရုပ်ဆောင် ခါရာ တိုက်တွန်းတောင်းဆို (ရုပ်/သံ)

တရုတ် (ဘေဂျင်း) အစိုးရအနေနဲ့ ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး၊ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေ၊ စစ်ကောင်စီကို အားပေးထောက်ခံနေတာတွေကို ရပ်တန့်ဖို့ သရုပ်ဆောင် ခါရာက တရုတ်ဘာသာစကားနဲ့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ဧပြီလ ၂၈ရက်နေ့က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု ဒုတပ်ကြပ် ၁ ဦး သေဆုံး (ရုပ်/သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ  ဒုတပ်ကြပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုပကဖ ကထုတ်ပြန်ထားပါတယ်။
Read More

”ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးဟာ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်”

''ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးဟာ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်"