စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ ဒုတပ်ကြပ်အပါအဝင် စစ်သုံ့ပန်း ၃ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Union Liberation Front – ULF V 02 က သတင်းထုတ်ပြန်ပါတယ်။

အခုလ စက်တင်ဘာလ ၁၂ ရက်နေ့က ကနီမြို့နယ်၊ ချောင်းမကျေးရွာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်တပ် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်သားတွေ ထွက်ပြေးရာ ၂ယောက်ကို အသေဖမ်းဆီးရမိခဲ့ပြီး MA 1 (၂)လက် နဲ့ ၅.၅၆ကျည် ၁၇၀တောင့်၊ ကျည်ဘောက် (၈) ဘောက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၁၈ ရက်နေ့မှာလည်း အဆိုပါတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် (၁)ယောက်နဲ့ ပြည်သူ့စစ် (၂)ယောက်ကို ထပ်မံ အရှင်ဖမ်းမိခဲ့ပြီး သူတို့ထံက MA 1 (၂)လက်၊ MA 2 (၁)လက်၊ ၅.၅၆ ကျည် ၂၀၀ တောင့်၊ ကျည်ဘောက် (၈)ဘောက်နဲ့ ဖုန်း(၄)လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိထားတာဖြစ်လို့ သုံ့ပန်းဥပဒေတွေအတိုင်း တာဝန်ရှိသူတွေထံကို လွှဲပြောင်းပေးသွားမှာပါ။ လက်ရှိကတော့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးဖြစ်လို့ ပုံမှန်အတိုင်း လည်ပတ်နေကြပါပြီ” လို့ ULF V 02 သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့မှာလည်း အလားတူ ထွက်ပြေးလာတဲ့ တပ်သားတစ်ယောက်ကို အသေဖမ်းမိခဲ့ပြီး ‌MA 1 (၁)လက်၊ ၅.၅၆ ကျည် ၅၀ တောင့်နဲ့ ကျည်ဘောက် (၃)ဘောက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတာဝန်ရှိသူက ဆက်လက်ပြီး “သူတို့က စစ်ပုံပျက်ပြီး ကစဉ့်ကလျား ထွက်ပြေးကြတာဆိုတော့ စစ်သားတွေက နယ်မြေကျွမ်းကျင်မှုလည်း မရှိတော့ မျက်စိလည်လမ်းမှားပြီး အစာငတ်တာ လူရုပ်တောင် သိပ်မပေါက်ချင်ကြတော့ပါဘူး။ ကျနော်တို့တွေက တပ်ဖြန့်စောင့်ဖမ်းနေကြရုံပါပဲ” လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်​ရေးအသိ၊ စစ်ရေးသတိ အမြဲမပြတ်ထားပြီး စစ်ဆင်ရေးတွေ အောင်မြင်အောင် ဖော်ဆောင်နိုင်ဖို့အတွက် “အနောက်မြောက်လွင်ပြင်သို့” ကမ်ပိန်းမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း တော်လှန်ပြည်သူတွေကို ULF V 02 က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ -Union Liberation Front – ULF V 02
0 Shares:
You May Also Like
Read More

ဖားကန့်တိုက်ပွဲ ပစ်ခတ်မှုများအတွင်း ဒေသခံ ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကော်မရှင်တပ်နဲ့ KIA,KPDF တို့ရဲ့ နှစ်ဖက်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

အဖွဲ့အစည်းစွဲများကြောင့် တော်လှန်ရေးအောင်နိုင်ရန် ခက်ခဲနေကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို အောင်နိုင်ရေးအတွက် စည်းလုံးမှု၊ ရင်းမြစ်တွေ ထုတ်သုံးနိုင်မှုအပြင် အဖွဲ့အစည်းစွဲ၊ အဖွဲ့အစည်းဗဟိုပြုမှုတွေ မရှိမှ ဖြစ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
Read More

တန့်ဆည်မြို့နယ် တနယ်ရွာကို စစ်အုပ်စု မီးရှို့ကာ ပြည်သူပိုင် ဆန်အိတ်နှင့် အခြားပစ္စည်းများကို ကားဖြင့် သယ်ဆောင်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက တနယ်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သားပိုင် ဆန်အိတ်တွေကို ကားတွေနဲ့ သယ်ယူနေကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နွားထိုးကြီးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ သန်းပင်လှရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါက်မြို့နယ်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်မှ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုထဲက စစ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရှမ်းတောင်မှ PDF တပ်ရင်း ၂ ခု NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်ပြီး စုဖွဲ့မှုပုံစံအသစ် လုပ်မည်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေစိုက်လှုပ်ရှားတဲ့ အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ဟာ  အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တပ်ရင်းနှစ်ခုလုံးက အသိပေးထုတ်ပြန်ပါတယ်။