ချင်းကာကွယ်ရေးတပ်-အရှို ( CDF – Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက်က CDF – Asho နောက်တန်းကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲမှာ စစ်ရေးပြအခမ်းအနားနဲ့အတူ အလံအလေးပြုတာ၊ ကျမ်းသစ္စာကျိန်ဆိုတာနဲ့ ဆုရကျောင်းသားတွေကို ဆုချီးမြှင့်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် CDF-Asho တပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်း ကျောင်းသားတွေက ချင်းရိုးရာ ဝါးညှပ်အကနဲ့ ကပြဖျော်ဖြေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

လက်ပံတောင်းတောင်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ ၅ရက်အကြာမှာ ပြန်လွတ်လာ၊ စစ်တပ် မွှေနှောက်ထားလို့ သူတို့နေအိမ်တွေက ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဘာမှမရှိတော့

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေး လက်ပံတောင်းတောင်ဒေသက ဒေသခံ ၂၃ ယောက်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီး စက်တင်ဘာလ ၁၅ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေသခံတွေဟာ လက်ပံတောင်းတောင် တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအနီးတဝိုက်က ဒေသခံတွေဖြစ်ပြီး ဖမ်းဆီးခံရပြီးတဲ့နောက် အမှတ်၂၈ ရဲတပ်ရင်းအတွင်း စစ်ကြောရေး ပြုလုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ငဖဲမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက ကင်းလှည့်ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ…

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လှည့်ကင်းထွက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက စစ်ကောင်စီတပ်သား (၆) ယောက်ကို ပစ်ခတ်တိုက်ခိုက်ရာ (၃) ယောက် သေပြီး လက်နက်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ ပံ့သကူအလှူနဲ့အတူ တော်လှန်ရေးသတင်းစကားတွေ ဖြန့်ဝေခဲ့…

ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံတဝန်းက မြို့တွေမှာ ပံ့သကူအလှူနဲ့ တော်လှန်ရေးသတင်းစကားတွေ ဖြန့်‌ဝေတဲ့ လှုပ်ရှားမှုကို တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ ၁၅ ရက် ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - AJAY က ထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ပြီး ရွာသားတွေကိုပါ PDF တွေ ကယ်တင်ထား…

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ထိုင်း-ကရင်နီနယ်စပ်က စစ်ကောင်စီရဲ့ ပွိုင့် ၅၄၁၆ ကို ကရင်နီပြည်တပ်မတော် KA ကတိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများပါရရှိ

ထိုင်း - ကရင်နီနယ်စပ်မှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ ပွိုင့် ၅၄၁၆ ( စစ်ဆင်ရေးခြေကုပ်စခန်း) ကို ကရင်နီပြည်တပ်မတော် (KA) က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်နီစစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့်တိုက်ခိုက်၊ ၆ ဦး သေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဘက် စစ်အုပ်စုက ဒရုန်းနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။