ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ မင်းလက်ပံရွာအထက်တန်းကျောင်းကို စစ်ကော်မရှင်က အသေခံ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူများထံက သိရပါတယ်။

စက်တင်ဘာ ၂၆ ရက်က မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာအထက်တန်းကျောင်းကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ရက်တည်းမှာပဲ ဖလူးရွာနှင့် မယ်ထော်သလေးဒေသတွေကိုလည်း ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Video-Naing Lin Oo

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများအား ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်ဖြူရှင်တံတားဘက်ကနေ မုံရွာဘက်ဆီ ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေက ချင်းတွင်းမြစ်ကမ်းနံဘေးကနေ ရှေ့ထွက်မိုင်းနဲ့ လက်နက်ငယ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်လှေခါးဂိတ်စခန်းမှ ပန်းတိုင်ခြုံဓိတ်စခန်းသို့ ကားတွေနဲ့ နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးခဲ့တယ်လို့ Southern YSO PDF မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က ပြည်သူပိုင်ယာဉ်များကို ချောဆွဲပြီး ကျောက်လှေခါးဂိတ်စခန်းမှ ပန်း တိုင်ခြုံဂိတ်စခန်းသို့ ကား ၅ စီးနဲ့ နေရာရွှေ့ပြောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ နောက်ဆုံးကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တောင်းမြစ် အနောက်ဘက်ကမ်း ‌ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဘက်ကမ်း ကျွန်းတော်ကုန်းကျေးရွာကနေ နှောပင်ကျေးရွာကို ဝင်ရောက်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်‌ရေးပူးပေါင်းတပ်တွေ ဒီဇင်ဘာ ၅ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့မှု ရုပ်သံမှတ်တမ်းကို နေပြည်တော် PDF တပ်ရင်း ၈၀၄ က ထုတ်ပြန်လာပါတယ်။ 
Read More

ရှေ့တန်းရောက် ရဲဘော်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် “အောင်ဖို့လှမ်းလာ စစ်ဝတ်တန်ဆာ” ကမ်ပိန်း (ရုပ်/သံ)

ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်းက ရှေ့တန်းရောက်ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် "အောင်ဖို့လှမ်းလာ စစ်ဝတ်တန်ဆာ" ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ဖားကန့်မှော်လှည့်သပိတ်က ဦး‌ဆောင်ပြီး စစ်ကောင်စီတပ်ကို lLO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြဖို့ လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ယနေ့မေလ ၁၉ ရက်နံနက်ပိုင်းက စစ်ကောင်စီတပ်ကကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြဖို့ တောင်းဆိုတဲ့ အနေနဲ့ လူထု လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်-ဖားကန့်မြို့နယ်မှ ထုတ်ပြန် ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲခြင်းခံခဲ့ရသည့် လူငယ် ၄ ဦး ထွက်ပြေးလွတ်မြောက်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဂိတ်စခန်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ လူငယ်အမျိုးသား ၄ ယောက် ကျွန်းလှအချုပ်ထောင်ကိုဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။