အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်နဲ့ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲမှာတော့ လက်ရှိ နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ တော်လှန်ရေးအခြေအနေတွေနဲ့ ကြုံတွေ့နေရတဲ့ တော်လှန်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အတူ ရင်ဆိုင် ကျော်လွှားနိုင်ဖို့နဲ့ အနာဂါတ် ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုင်းပြည်အနှံ့ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်မှတ်မခွဲခြား ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ မိသားစုတွေ၊ ထိခိုက်ဒဏ်ရာကြောင့် ကုသနေရသူတွေနဲ့ အသက်အိုးအိမ်စည်းစိမ်တွေ စွန့်လွှတ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှု ကူညီရေး ဆိုင်ရာကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက လက်လွှတ်ခဲ့ရတဲ့ မြို့တွေ ပြန်လည်ရရှိရေးအတွက် အင်အားထောင်နဲ့ချီ အသုံးပြုကာ ထိုးစစ်ဆင်နေပြီး ဒီးမော့ဆိုမြို့နယ်မှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အသံတိတ်သပိတ် ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ရဲ ၂ ဦး ဆေးရုံရောက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အသံတိတ်သပိတ် အောင်ပွဲအထိမ်းအမှတ်အနေနဲ့ ဂန့်ဂေါမြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ယောက် ဆေးရုံတင်ထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

မွန်တော်လှန်ရေးတပ်များ ပါဝင်သည့် ရာမညပူးတွဲစစ်ကြောင်း ရုတ်သိမ်းထား

မွန်လက်ကိုင်တော်လှန်ရေး ၄ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ကြေညာခဲ့တဲ့ ရာမညပူးတွဲစစ်ကြောင်းဟာ ၄လ သက်တမ်းကုန်ပြီးတဲ့နောက် ပူးတွဲစစ်ကြောင်းကို ခေတ္တ ရုတ်သိမ်းထားတယ်လို့ မွန်တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ 
Read More

၇၈ နှစ်မြောက် အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် Southern Eagle PDF မှ ကျဆုံးရဲဘော် ၇ ဦးကို ဂုဏ်ပြုဦးညွတ်ကြောင်း ထုတ်ပြန်…

ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF (P-29909) တပ်ရင်းက နွေဦးတော်လှန်ရေးအတွင်း တပ်ရင်းက ကျဆုံးရဲဘော် ၇ ယောက်ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ် ကိုထိန်လင်း ဆုလက်ခံ ရယူ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ကိုထိန်လင်း(ခ) ကင်အဲရစ်က ကိုယ်စား လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မြန်မာပြည်ပြိုကွဲအောင် သွေးခွဲနေတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

မြန်မာကို အင်အားကြီးနိုင်ငံတွေက နိုင်ငံပြိုကွဲအောင် သွေးခွဲမှုတွေကို အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။