ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ပေါ်ကို အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လူမဆန်ကြောင်း KIO က ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၉ ရက် မနေ့က နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်က ဆဒုံးမြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၈ ယောက်ခန့် သေဆုံးခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ KIO က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “မင်းတို့တတွေ လူမဟုတ်တော့ဘူး” လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပြီး ကလေးငယ်တွေ သေဆုံးနေတဲ့ ဓာတ်ပုံ ၂ ပုံနဲ့ ဖော်ပြထားတာပါ။

KIO/KIA အနေနဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ဆဒုံးမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဆဒုံးမြို့ဟာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဆက်သွယ်‌ရေးလည်း ခက်ခဲနေတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တိုက်ပွဲတွင် ကျဆုံးခဲ့သည့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၁)တပ်ရင်း၏ ကျွဲချိုတပ်ခွဲမှ အသက် ၂၀ အရွယ် ရဲဘော်၏ စျာပန…

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ (ကျွဲချိုတပ်ခွဲ) က ရဲဘော်ရဲ့ စျာပနအခမ်းအနား မှတ်တမ်းပုံရိပ်တွေကို ကျွဲချိုတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကလေးငယ် ၂ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါ အရပ်သား ၆ ဦး သေဆုံးခဲ့သည့် တောင်သာမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲမှု NUG ထုတ်ပြန်…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် နတ်စောင့်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် 96 Soldiers PDF – တောင်ပိုင်းတိုင်း ရဲဘော်တွေ ဓာတ်ပုံကမ်ပိန်း ပြုလုပ်

ဒီနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် 96 Soldiers PDF - တောင်ပိုင်းတိုင်းက ရဲဘော်တွေဟာ အွန်လိုင်းဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နွားထိုးကြီးမြို့ပေါ် ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ၂ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု စစ်အုပ်စုဘက်က ၅ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုတွေရှိနေတဲ့ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို ၂ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

၈ လနီးပါးအကြာမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ အများအပြား သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးစတင်ပြီး ၈ လအကြာမှာတော့ တစ်မြို့လုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ အသုံးပြုမည်ဟု ယူဆရသည့် Y-8 လေယာဉ်နှစ်စင်း ကူးမင်းလေဆိပ်တွင် တွေ့ရှိခဲ့ဟု Myanmar Witness ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်(လေ) (MAF) အမှတ်တံဆိပ်ပါ Shaanxi Y-8F-200W နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်းကို တရုတ်နိုင်ငံ ကူးမင်းလေဆိပ်ရှိ နေရာတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar Witness က မနေ့က ထုတ်ပြန်ပါတယ်။