ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ကုန်း PDF (တပ်ရင်းအမှတ် ၈၀၃) ရဲ့ တပ်ရင်းမှူး ကွယ်လွန်သွားတယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။

တပ်ရင်းအမှတ် ၈၀၃ ရဲ့ တပ်ရင်းမှူး ရဲဘော် ရက်(ဂ်)နာ (ခ) ရဲဘော် C Jade ဟာ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း စက်တင်ဘာ ၂၇ ရက်မှာ ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဘာအကြောင်းကြောင့် ကွယ်လွန်ခဲ့တယ်ဆိုတာကတော့ PDF တပ်ရင်း ၈၀၃ က မထုတ်ပြန်ထားပေမယ့် ရဲဘော် ရက်(ဂ်)နာဟာ မကွယ်လွန်ခင်အချိန်အထိ တပ်ရင်းတာဝန်တွေကို ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော် ရက်(ဂ်)နာရဲ့ တော်လှန်ရေးအပေါ် ကြိုးစားမှု၊ စိတ်အားထက်သန်မှုနဲ့ အနစ်နာခံခေါင်းဆောင်မှုတွေဟာ တပ်ရင်း ၈၀၃ ရဲဘော်တွေအတွက် စံနမူနာယူထိုက်စရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော် ရက်(ဂ်)နာ ကွယ်လွန်ခြင်းဟာ တပ်ရင်း ၈၀၃ နဲ့ တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ရဲဘော် ရက်(ဂ်)နာ ဖြစ်ချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်ရေးအတွက် ကျန်ရှိနေတဲ့ တော်လှန်ရေးတာဝန်တွေကို တပ်ရင်း ၈၀၃ က ရဲဘော်တွေ ဆက်လက်ထမ်းဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မှာ နှစ်သစ်ကူးည စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် မိသားစုဝင် ၅ယောက်သေဆုံးပြီး ၂ လောင်းသာ ပြန်ရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ နှစ်သစ်ကူးညပိုင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သားကျင်ကျေးရွာနေ မိသားစုဝင် ၅ ယောက် သေဆုံးကာ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၆ ယောက်အထိ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

AA ယူနီဖောင်း ဝတ်ထားသူတချို့ စစ်သုံ့ပန်း ၂ ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု ICC စုံစမ်းစစ်ဆေးဖို့ Fortify Rights အဖွဲ့ တောင်းဆို

ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းအရ AA ယူနီဖောင်း ဝတ်ထားသူတချို့က စစ်သုံ့ပန်း ၂ ယောက်ကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC ) ကနေ စုံစမ်းစစ်ဆေးဖို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့အစည်း Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃ ရက် ဒီနေ့မှာ တောင်းဆိုထုတ်ပြန်လိုက်ပါတယ်။
Read More

NUG အစိုးရက ၎င်းတို့ရဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားမယ်လို့ ကတိပြု

NUG အစိုးရအနေနဲ့ ၎င်းတို့ဘက်က အားနည်းချက်တွေကို နည်းသထက်နည်းအောင်ကြိုးစားနေပြီး ပြည်သူလူထုရဲ့ အသံကို အချိန်မရွေးနားထောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီ သမ္မတဖြစ်သူ  ဒူဝါလရှီးလက ပြောပါတယ်။ 
Read More

ကျိုက်ထိုမှာ တော်လှန်ရေးတပ်ဖွဲ့ နယ်မြေရှင်းလင်းရေးလုပ်စဉ် စစ်ကောင်စီထံက ကျည်ဆံဖာနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေရရှိ

တိုက်ပွဲဖြစ်ခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီးမှာ တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းမှု လုပ်ဆောင်စဉ်အတွင်း စစ်ကောင်စီ ကပစ  ၂၀၂၄ ထုတ်ကျည်ဆံဖာတစ်ခုနဲ့ စစ်သုံးပစ္စည်းတချို့ တွေ့ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)က  အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအထက်ပိုင်း ရှေ့တန်းစစ်မြေပြင်က ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးက ရဲဘော်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်း နယ်စပ်တစ်နေရာမှာ လူထု လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ရှေ့တန်းစစ်မြေပြင်က ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF က ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မသန်စွမ်းဖြစ်ရတဲ့ အရပ်သားပြည်သူအရေအတွက် နေ့စဉ်တိုးလာနေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက မသန်စွမ်းသူတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို အဓိကခံစားနေရကြောင်း  ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။