နိုင်ငံတကာအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းတွေကို ပံ့ပိုးကူညီမယ်ဆိုရင် ဒါဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ နျူကလီးယား ရည်မှန်းချက်ကို အားပေးကူညီရာရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၆ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် High-level မျက်နှာစုံညီ အစည်းအဝေးမှာ သံအမတ်ကြီးက အခုလိုထည့်သွင်းဆွေးနွေးခဲ့တာပါ။

“စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းအတွက် နိုင်ငံတကာမှ ပံ့ပိုး ကူညီမှု တစုံတရာ ပေးအပ်ခြင်းက စစ်အုပ်စုရဲ့ အန္တရာယ်ကြီးမားသော နျူကလီးယား ရည်မှန်းချက်ကို ပြည့်မီစေရေး အတွက် အဆင့်တစ်ဆင့် နီးကပ်သွားစေမှာဖြစ်တယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ငြိမ်းချမ်းစွာ အရပ်ဖက်အသုံးပြုဖို့လို့ အမည်တပ်ထားပေမယ့် အန္တရာယ် ဖြစ်စေနိုင်တဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်မှု ရည်မှန်းချက်ကို ဆက်လက်လုပ်ဆောင်နေပြီး နျူကလီးယားလက်နက်ပိုင် နိုင်ငံကြီး တစ်နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ တိုးမြှင့်လာတယ်လို့လည်း ပြောကြားထားပါတယ်။

“မြန်မာနိုင်ငံကို ယခုကဲ့သို့ အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲသို့ တွန်းချခဲ့သော စစ်အုပ်စုက ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှုအတွက် နျူကလီးယား နည်းပညာကို အသုံးပြုလိမ့်မည် မဟုတ်ကြောင်း၊ ပြည်သူပြည်သားတွေအပေါ် လွန်စွာဆိုးရွားသော စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်အုပ်စုက အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်တဲ့ နျူကလီးယားနည်းပညာကို အရပ်ဘက်အသုံးပြုမှုအတွက်သာ ဆောင်ရွက်လိမ့်မည် မဟုတ်ပါကြောင်း” လို့ ဦးကျော်မိုးထွန်းက တင်ပြခဲ့ကြောင်း သိရပါတယ်။

၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲရလဒ်ကို အလေးမထားဘဲ ဒီမိုကရေစီကျကျ ပြည်သူတွေရွေးချယ်ခဲ့တဲ့ အစိုးရကို တရားမဝင် အာဏာသိမ်း ဖယ်ရှားခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုက လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို ကျင်းပလိမ့်မှာ မဟုတ်ဘူးလို့လည်း သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ အနာဂတ် ဆုံးရှုံးမှုကို တားဆီးပေးနိုင်ရေးအတွက် တရားမဝင် အာဏာသိမ်း စစ်အုပ်စုထံ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီနဲ့ အရပ်ဖက်၊ စစ်ဖက် နှစ်မျိုးသုံး ပစ္စည်းတွေ စီးဆင်းထောက်ပံ့မှုတွေကို ချက်ချင်း ပိတ်ဆို့ရပ်တန့်ပေးရေးအတွက်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မေတ္တာရပ်ခံ ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မဲဆောက် Lotus စျေးဝယ်စင်တာရှိ ရွှေဆိုင် သေနတ်ဖောက် လုယက်ခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေ ၆၀သား လုယက်ယူဆောင်သွားကြောင်း သိရပါတယ်။
Read More

အသက်မပြည့်သေးသူ ဂျပန်အမျိုးသားတစ်ဦး ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာ၊ ငွေလိမ်ဂိုဏ်းတွေမှာ ဂျပန် ၁၀ ဦးကျော် ပိတ်မိနေဟုပြော

ထိုင်း-မြန်မာနယ်စပ် ငွေလိမ်ဂိုဏ်းတွေမှာ အတင်းအကျပ် လုပ်အားပေးစေခိုင်းခံရတဲ့ အသက် ၁၆ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ယောက် ပြန်လည်လွတ်မြောက်လာပါတယ်။
Read More

ကန်ချနဘူရီမှာ ယာဉ်မတော်တဆမှုကြောင့် မြန်မာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီခရိုင်မှာ ဇန်နဝါရီလ ၈ ရက် မနက်အစောပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား ၁ ယောက် သေဆုံးပြီး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
Read More

ဖုန်းမှတဆင့် သဘာဝဘေးအချက်ပြသည့်စနစ် စမ်းသပ်ရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံအနေနဲ့ ဆဲလ်ဖုန်းတွေကတဆင့် သဘာဝဘေး အချက်ပြပေးတဲ့ စနစ်တစ်ခုကို စမ်းသပ်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ဧပြီလ ၂၃ ရက်မှာ ပြောပါတယ်။
Read More

တန်ဖိုးကြီး နာရီတွေ၊ အိတ်တွေအပါအဝင် ဒေါ်လာ သန်း ၄၀၀ ကျော်ကို ပိုင်ဆိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်က သူမရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်ရှိကြောင်း သောကြာနေ့က ကြေညာခဲ့တယ်လို့ သူမရဲ့ပါတီကပြောပါတယ်။
Read More

မြန်မာ့အရေးစကားဝိုင်းများတွင် ကမကထပြုပေးသူသာ ဖြစ်သည်ဟု ထိုင်းဆို

စစ်ကောင်စီနဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှားတို့အကြား ဘန်ကောက်မှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ထိုင်းရဲ့အခန်းကဏ္ဍဟာ ကမကထလုပ်ပေးသူအဖြစ် အလေးထား ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းအစိုးရက သောကြာနေ့မှာ ပြောပါတယ်။