စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေ အပြိုင်ဝင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်ရှိနေတာကြောင့် မြို့နယ်အရှေ့နဲ့အနောက်ခြမ်းက အရပ်သားတွေ ထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းတွေဟာ ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာတွေနဲ့ အနောက်ခြမ်းကျေးရွာတွေဆီ ဝင်ရောက်နေတာဖြစ်ပြီး ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာနဲ့ ဂျက်ဖိုက်တာ တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့သိရပါတယ်။

Wetlet Informational Network ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ရက်နေ့ကစပြီး ရှိမ္မကားစစ်တပ်ကနေ ထွက်လာတဲ့ အင်အား ၁၀၀ပါ အကြမ်းဖက်စစ်ကြောင်းဟာ မြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတွေကို တစ်လနီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၆ရက် ဒီနေ့မနက်ပိုင်းမှာလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း အင်ဒေါင်းကျေးရွာမှာရှိနေတဲ့ စစ်ကြောင်းဟာ အရပ်သား ၅၀နီးပါးကို လူသားဒိုင်းသဖွယ် ဓားစာခံလုပ်ဖမ်းဆီးကာ ရွာအနောက်ဖျား ဆင်မာထန်းတော ခေါ် မာဒိန်းညောင်ပင်နားအထိ ရောက်ရှိလာပြီဖြစ်တယ်လို့ Wetlet Informational Network က အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကြောင်းကြောင့် အင်ဒေါင်း၊ ငါးတိုက်တောင်၊ မအိုက်တောင်၊ မင်းကုန်းလေးနဲ့ ပုံအင်းတိုက်စတဲ့ ကျေးရွာ ၅ ရွာလောက်က အရပ်သားထောင်နဲ့ချီလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

“စစ်ကြောင်းက ၁ လပြည့်ဖို့ ၂ ရက်ပဲ လိုတော့တာပေါ့နော်။ အင်အားခန့်မှန်း ၁၀၀ ဝန်းကျင်မှာ ရှိတယ်။ ဧရာဝတီမြစ်ကမ်းတလျှောက်ကို အလွတ်ကြီးထိုးတာပါ။” လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ် အနောက်ခြမ်းက ရွာသာကြီးကျေးရွာကိုလည်း စစ်အုပ်စုက အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းကလည်း ဝက်လက်မြို့နယ်၊ သမန်သာကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ပါရာမော်တာ (၂) စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးတဲ့ ဗုံးသီး (၁) လုံးကိုလည်း ရွှေဘိုခရိုင်တပ်ရင်း (၁) နဲ့ ဝက်လက်မြို့နယ်ပကဖ တို့ ပူးပေါင်းရှင်းလင်းပေးခဲ့ပါသေးတယ်လို့သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၅ ရက်နေ့မှာလည်း ဝက်လက်မြို့အနောက်ခြမ်း ရွာသာကြီးကျေးရွာကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့သလို အောက်တိုဘာလ ၁၆ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ဂျက်ဖိုက်တာနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။

“လေကြောင်းကြောင့် ရွာသာကြီးရွာက ပြည်သူ ၄ ယောက်ရယ် သမန်သာကျေးရွာက ၂ ယောက်ရယ် ထိခိုက်ဒဏ်ရာရထားပါတယ်” လို့ နွေဦးအောင်ပွဲ (တော်လှန်ရေးအင်အားစု) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ လက်ရှိ ဆားတောင်မြို့တောင်ဘက်မှာရှိနေပြီး အရေးပေါ်ရှောင်တိမ်းနေရတဲ့ ရွာသာကြီးရွာခံ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ခဲ့သည့် LDF ၈ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သူတွေကို ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဝက်လက်တွင် စစ်ကောင်စီတပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၆ ယောက် လက်နက်တွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ People's Servant Revolution - Wetlet က ထုတ်ပြန်ပါတယ်။
Read More

မအူပင်မှာ တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူများထဲက ၇ ယောက် စစ်မှုထမ်းပို့ဆောင်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေထဲကနေ လူငယ် ၇ယောက်ကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းကျောင်းကိုပို့ဆောင်လိုက်ကြောင်း စစ်တပ်နဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ သံဃာတော်များနှင့် ကလေးငယ်များ ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး သံဃာတော်တွေနဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပအဖ သွားရောက်ကူညီထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ ဆားလင်းကြီးမြို့နယ်က စစ်ရှောင်တွေ ထားရှိရာနေရာတွေဆီ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲ ပအဖ က ထုတ်ပြန်ထားပါတယ်။
Read More

ရေကြီးမြေပြိုမှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

အထူးသဖြင့် တိုင်းနဲ့ ပြည်နယ် ၉ ခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။