ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၇) ရက် နေ့လယ်ပိုင်းက နမ့်ဆော့ကျေးရွာရှိ ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၁)လုံးနဲ့ လက်နက်ကြီး (၆) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးတွေ ကျရောက်ပေါက်မှုကြောင့် ဒေသခံ အမျိုးသား (၁) ယောက်ရဲ့ ညာခြေထောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထု စိုက်ပျိုးထားတဲ့ ပြောင်းဖူးခင်းတွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ပန်သပြေကျေးရွာကိုလည်း တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပေါင် (၅၀၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်အလုံး (၂၀) ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အုတ်ဖိုမှာ ပေါ်တာဆွဲဖို့ ရဲစခန်းထဲကနေ အရပ်ဝတ်တွေနဲ့ ထွက်လာတဲ့ အဖွဲ့ကို တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၂ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ခံ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ အေးမြသာယာရဲစခန်းကနေ အရပ်ဝတ်နဲ့ ထွက်လာတဲ့ အင်အား၅ယောက်ပါအဖွဲ့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၂ယောက် သေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်တံခါး၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ဦး PDF ထံ လက်နက်နှင့် အလင်းဝင်

ရန်ကုန်တိုင်းအတွင်း တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျ​နေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ယောက်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲဆီ အောင်ဇေယျစစ်ကြောင်းက တပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကနေ စစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲက ထုတ်ပြန်ထားပါတယ်။
Read More

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်းနှင့် ဂတ်(စ်)ပိုက်လိုင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၄ ဦး သေပြီး ဂတ်စ်ပိုက်လိုင်းစခန်းကို တော်လှန်ရေးတပ်များ ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်း နဲ့ ဂတ်(စ်)ပိုက်လိုင်းစောင့် စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၄ယောက်သေဆုံးပြီး ဂတ်စ်ပိုက်လိုင်းစခန်းနဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းက ဆေးရုံ ၂ ရုံကို စစ်တပ် ၂ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်၊ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ဆေးရုံ ၂ ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ နှစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာ ကျန်းမာရေးစေတနာ့ ဝန်ထမ်း ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People's Healthcare Network (Kalay) က ထုတ်ပြန်ထားပါတယ်။