ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးအလုံး (၃၀) နဲ့ အဆိပ်ငွေ့ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီးနောက် လုံဝယ်ကျေးရွာအတွင်း ဝင်‌ရောက်လာကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အဆိပ်ငွေ့ဗုံးကြဲချမှုကြောင့် တအာင်းတပ်မတော်တပ်ဖွဲ့ဝင်တွေဟာ မူးဝေခြင်း၊ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူမြန်ဆန်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိ TNLA တပ်ဖွဲ့ဝင် (၃) ယောက်က ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့လည်း TNLA က ဆိုပါတယ်။

စက်တင်ဘာ (၂၈)ရက် မနေ့ကလည်း အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ကျောက်မဲမြို့နယ်ရှိ လုံဝယ်၊ တောင်ဆေးလိပ်နဲ့ စခန်းသာကျေးရွာကြား၊ နောင်ချိုမြို့နယ်ရှိ ဆိပ်ဖူးကျေးရွာနဲ့ ဘန်ကာချောင်းအနီး စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း  ၃ ကြိမ် စစ်တပ်လေကြောင်းတိုက်ခိုက်၊ တနင်္သာရီမြို့နယ်မှာ ၂ လနီးပါး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၇ ဦးထက်မနည်း သေဆုံးခဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။
Read More

သိန်းခွန်းကျေးရွာအနီး တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား (၁၀) ယောက်ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

"အရှင်ဖမ်းမိတဲ့ရန်သူ မရှိဘူး ၊ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု နည်းနည်းရှိတယ်၊ အသေးစိတ်တော့ ပြောလို့မရဘူး၊ အခုတိုက်နေတဲ့အတောအတွင်း ရန်သူရဲ့ ထိခိုက်သေ‌ဆုံးတဲ့ဦးရေကိုတော့ အတိအကျမသိဘူး၊ သေဆုံးမှုများတယ်" လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှုး ဗဒိုစောအယ်နားက မောင်းကို ပြောပါတယ်။
Read More

ရွှေတောင်တွင် စစ်တပ်နှင့်ပေါင်းပြီး လူငယ်များကို ဖမ်းဆီးငွေရှာနေသူများနှင့် စိုက်ပျိုးရေးဘဏ်မန်နေဂျာအား ပကဖ သတိပေး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက လူငယ်တွေကို စစ်မှုထမ်းအဖြစ် စစ်တပ်ဆီ ရောင်းစားငွေညှစ်နေသလို စိုက်ပျိုးရေးဘဏ်မန်နေဂျာဆိုသူကလည်း မိုးစပါးချေးငွေမပေးနိုင်သေးတဲ့ လယ်သမားတွေအပေါ် အတင်းအကြပ် ခြိမ်းခြောက်နေကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီ ကင်းပုန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ဦး မျက်မြင် သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်း ရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ​တပ်ရဲ့ ကင်းပုန်းဝပ်ရာနေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲတပ်သား ၂ ယောက်နဲ့ စစ်သား ၃ ယောက် သေဆုံးသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က သတင်းထုတ်ပြန်တားပါတယ်။
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။