တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အသက် ၇၅ နှစ်အရွယ် အဘွားအို ၁ယောက်ကို အကြမ်းဖက်စစ်သားက အဓမ္မကျင့် စော်ကားခဲ့တဲ့အတွက် အဘွားအိုဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

စက်တင်ဘာ ၂၅ရက်နေ့ကတည်းက ထားဝယ်-ရေးလမ်းအတိုင်း ထားဝယ်မြို့ကို သွားရင်း သရက်ချောင်းကိုးလမ်းအတိုင်း ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ သရက်ချောင်းမြို့နယ်ထဲက ဥတ္တူကျေးရွာကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကြောင်းမှာပါတဲ့ အကြမ်းဖက်စစ်သား ၁ယောက်သာ ရွာထဲက အသက် ၇၅ နှစ်အရွယ် အဘွားအို ၁ယောက်ကို မုဒိမ်းကျင့်ခဲ့ကြောင်း သိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ အဘွားအိုဟာ ဆီးချိုရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်တောက်ထားရသူလည်းဖြစ်ပြီး နေအိမ်မှာ တစ်ယောက်တည်းရှိနေချိန် အခုလို အဓမ္မပြုကျင့်ခံရတာ ဖြစ်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်သားရဲ့ အခုလို ပြုကျင့်မှုကြောင့် အဘွားအိုဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံနေရတယ်လို့လည်း သိရပါတယ်။

“ပြုကျင့်ခံရတဲ့အဘွားက အိမ်မှာ ညီမနှစ်ယောက်နေတာ။ ဖြစ်စဥ်ဖြစ်တဲ့နေ့က ညီမက မရှိဘူး။ စစ်ကြောင်းဝင်လာတော့ ရှောင်တဲ့သူတွေလည်း ရှောင်ကြတာပေါ့။ အခုတော့ အဘွားကို အဲ့ရွာကနေ ခေါ်ထုတ်လာပြီး လုံခြုံစိတ်ချရတဲ့နေရာတစ်ခုမှာ ထားထားရတယ်။ စိတ်ပိုင်းဆိုင်ရာ အတော်လေး ထိခိုက်နေတယ်ပေါ့။ အသက်ကကြီးတာ ၇၅နှစ်ထက်ပိုတဲ့ ၈၀ လောက်ဆိုတော့ ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်ထားပါတယ်။” လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

လက်ရှိမှာ အဆိုပါစစ်ကြောင်းဟာ ဥတ္တူရွာကနေ ဆုတ်ခွာသွားပေမယ့် အနီးအနားမှာ ရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါပြိုကျ၊ တာဝါအတွင်း ဝန်ထမ်းသေဆုံးမှု များပြားနိုင်

ဒီနေ့ မတ်လ ၂၈ရက် နေ့လယ်ပိုင်း လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါ ပြိုကျသွားခဲ့ပါတယ်။
Read More

ရွှေဈေး အဆမတန် မြင့်တက်မှုကြောင့် အရောင်းများပြီး အဝယ်ပါးနေ

အခုရက်ပိုင်းအတွင်း ရွှေဈေးက ၂သိန်းဝန်းကျင်မြင့်တက်လာကြောင့် အရောင်းအဝယ်ဈေးကွက်ထဲမှာ ရွှေရောင်းချသူတွေ များနေပြီး ဝယ်ယူသူတွေ နည်းပါးနေတယ်လို့ ရွှေကုန်သည်တွေထံက သိရပါတယ်။
Read More

စစ်ဘေးရှောင်ရင်း ကုန်ဈေးနှုန်းတက်လာလို့ စားဝတ်နေရေး ပိုမိုခက်ခဲလာ

မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်ကာ စစ်ကောင်စီက မတရား အာဏာသိမ်းပြီးတဲ့နောက် လက်ရှိ မြန်မာပြည်နေရာအနှံ့အပြားမှာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ဒေသခံတော်တော်များများဟာ အမြဲတစေ နေထိုင်ခဲ့တဲ့ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာကာ စစ်ဘေးကနေ ရှောင်တိမ်းနေကြရပါတယ်။
Read More

ရေးမြို့နယ်တွင် (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားကို သြဂုတ်လ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်ခေါင်းရှိ ကျေးရွာများအား မီးရှို့နေသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး လက်နက်များနှင့် မူးယစ်ဆေးများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။