ပဲခူးတိုင်း၊ သဲကုန်းမြို့ ၊ ပန်းပင်ကုန်းကျေးရွာ ၊ အောင်စည်သာကွက်သစ်က နေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲခံရတာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက် မနက် ၉ နာရီခွဲလောက်မှာ အောင်စည်သာကွက်သစ်ရှိ နေအိမ်တွေကို မီးရှို့ပြီး ဆိုင်ကယ် ၁၄ စီးနဲ့ ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကိုဗျူဟာ(၂၁)ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ(၅)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၂ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ငယ်တွေ နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူတွေမရှိသလို အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားတာမျိုးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

” ပြန်အထွက်ကို မိုင်းထောင်ခဲ့တာ ၊ အပြန်အလှန်ပစ်တာမျိုးမရှိဘူး ၊ သူတို့က အကြောင်းမဲ့ မီးလာရှို့သွားတာ ၊ မိုင်းဆွဲခံရတဲ့ သေဆုံးမှုကိုတော့ စစ်တပ် နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရတာပါ” လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က မောင်းသတင်းဌာနကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်သားတွေဟာ သဲကုန်းမြို့ထဲကို ပြန်လည်ဝင်ရောက်သွားပြီး နေအိမ်တွေ မီးရှို့ခံရတဲ့ဒေသခံတွေဟာလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုင်းဆွဲခံရမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်တပ်က သေဆုံးအလောင်းတွေနဲ့ ထိခိုက်ဒါဏ်ရာရသူတွေကိုတော့ သဲကုန်းမြို့ကနေ ကားနဲ့ လာရောက်သယ်ဆောင်ပြီး ရွှေတောင်မြို့နယ် ကုတင် (၁၀၀) စစ်ဆေးရုံဆီ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်ရေးအရိန်မြှင်တင်လာပြီဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်အထိုင်စခန်း၊ စစ်ဆေးရေးဂိတ်စခန်းတွေကို ရှောင်ရှာသွားလာဖို့ကိုလည်း အသိပေးတိုက်တွန်းထားပါတယ်။

ပုံစာ – အကြမ်းဖက်စစ်သားများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မှော်စီစာကျေးရွာတွင် အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ SKY Hotel ရှေ့မှာ အချဥ်ပေါင်းရောင်းတဲ့ အမျိုးသားတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် အရပ်သား ၉၆ ဦး သေဆုံးခဲ့၊ ၇၂ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၉၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်များ စီးနင်းသိမ်းပိုက်ခဲ့သည့် မုံရွာ တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီ လေကြောင်း၊ မြေပြင်စစ်ကူထိုးပြီး ပြန်လည်သိမ်းယူ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗောဓိတစ်ထောင် ဘုရားတောင်ပေါ်က တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့တဲ့  MRTV တာဝါတိုင်စခန်းကုန်းကို လေကြောင်းပစ်ကူများသုံးပြီး စစ်ကောင်စီက ပြန်လည်တပ်စွဲထားကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုမှာ ၇ ရက် ပြုလုပ်ခဲ့တဲ့ ဒရုန်းမစ်ရှင်အတွင်း စစ်ကောင်စီတပ်သား ၃ယောက်သေပြီး ပျူ ၄ယောက် ထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းမှာ ရှိတဲ့ ပျူကျေးရွာတွေကို တော်လှန်ရေးအင်အားစုတွေက ၇ ရက်တာအတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး ပျူစောထီး ၄ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ShweBo Crocodile ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေပေါက္ကံရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး လှည့်ကင်းထွက်ဖို့လုပ်နေတဲ့ ရဲများ ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ လှည့်ကင်းထွက်ဖို့လုပ်နေတဲ့ ရဲတွေ ထိခိုက်သွားတယ်လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ အောက်တိုဘာလ ၃၁ရက် မနေ့ညပိုင်းက အကြမ်းဖက်စစ်ကော်မရှင်လက်ပါးစေ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၁လုံးပစ်ခတ်မှုနဲ့အတူ ပြင်းအားမြင့်မိုင်း ၂ခုနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မယ်သမီခီး(ထီးခီး)ကျေးရွာကို ဂျက်ဖိုင်တာလေယာဉ်နဲ့ စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီမနက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။