စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာက အထိုင်ချစစ်တပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် (1820) ဒရုန်းတပ်ဖွဲ့ (Air Force One) က စက်တင်ဘာ ၂၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်က ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ ငှက်ပျောတိုင်းရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုကို မသိရသေးဘဲ တော်လှန်ရေးတပ် ဘက်က ကျပ်သိန်း ၇၀၀ တန်ဖိုးရှိ ဒရုန်းတစ်စင်း ဆုံးရှုံးတယ်လို့ သိရပါတယ်။
“စကမတပ် အသေအပျောက်မသိရသေးပေမယ့် မိမိတို့ ဒုန်းတစီး ပျက်စီးသွားခဲ့ရပြီး သိန်း (၇၀၀)လောက် ဆုံးရှုံးခဲ့ရပါတယ်။ အသိရှိသူများ ငွေကြေးတတ်နိုင်သူများ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်၊ ဖက်စစ် စစ်တပ်ကို အမြစ်ပြတ်အောင်တိုက်မဲ့ အဖွဲ့အစည်းတခု ငွေကြေးခက်ခဲပီး မိမိတို့အရင် အမြစ်ပြတ်သွားမှာလဲ စိုးရိမ်ရပါတယ်ဗျ။” လို့ Air Force One ဒရုန်းအဖွဲ့က ရေးသား ဖော်ပြထားပါတယ်။

ငှက်ပျောတိုင်းရွာမှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတာ ရှစ်လလောက်ကြာမြင့်ပြီဖြစ်ပြီး အဆိုပါရွာအပြင် အနီးဝန်းကျင်က ခဦးတာရွာ၊ ပေကြီးရွာတွေက ပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်တပ်နဲ့ ကင်းလွှတ်ရာမှာ နေထိုင် သွားလာကြဖို့ကိုလည်း Air Force One ဒရုန်းတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“တရားဝင် လူသတ်လိုင်စင်” ပေးသည့် စစ်တပ်ရွေးကောက်ပွဲ အားပေးအားမြောက်သူများကို အရေးယူမည်ဟု KNU တပ်မဟာ ၃ ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အားပေးကူညီသူတွေဟာ စစ်တပ်ကို “တရားဝင် လူသတ်လိုင်စင်” ပေးသူတွေဖြစ်တယ်လို့ KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) က ဒီနေ့ စက်တင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

တိုင်းပြည်အတွက် ငွေကို သုံးချင်ပေမယ့် ထင်တိုင်းကြဲ သုံးခွင့်မရဘူးလို့ မင်းအောင်လှိုင် ပြော

တိုင်းပြည်အတွက် ငွေကိုအသုံးပြုလိုပေမယ့် ဘတ်ဂျတ်ရှိနေတာနဲ့ စိတ်တိုင်းကျ အသုံးပြုခွင့်မရဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်ဖို့ အလှူငွေ ၃၂ ဘီလီယံကျော် ရရှိခဲ့တယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

NUG အပေါ် ဝေဖန်မှုများအား အလုပ်နှင့်သက်သေပြကာ ချေပနိုင်စွမ်းရှိရမည်ဟု အစိုးရအဖွဲ့ဝင်များကို ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းရေးအခြေအနေတွေကို ပဋိပက္ခသက်ဆိုးရှည်အောင် အပံ့အပိုးဖြစ်နေတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက  ပြောကြားလိုက်ပါတယ်။
Read More

လောင်းလုံးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းမြို့နယ် တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃၀ ခန့် သေပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းမိ၊ လက်နက်ခဲယမ်းတွေအပြင် ပြည်သူတွေဆီက ခိုးယူထားတဲ့ လက်ဝတ်ရတနာတချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း ၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် ညအိပ်စခန်းချနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က စစ်သား ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။