အာရက္ခတပ်တော်(AA)က ချင်းညီနောင်တပ်ဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ(တပ်မဟာ ၁)ကို စစ်လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့ကြောင်း မတူပီ (တပ်မဟာ ၁) က အသိပေးဖော်ပြလာပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ အခမ်းအနားနဲ့ လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ချင်းပြည်နယ်ရဲ့ ဒေသတချို့မှာ AA နဲ့ ချင်းညီနောင်တပ်ပေါင်းစုတွေဟာ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ပွဲဝင်လျက်ရှိနေတာ ဖြစ်ပါတယ်။ 

အခုလို လက်နက်တွေတပ်ဆင်ပေးခြင်းဟာ မဟာမိတ်ဆက်ဆံရေး ပိုမိုအားကောင်းစေရေးနဲ့ လူမျိုးချင်းကြား ချစ်ခင်ရင်းနှီးမှု ပိုမိုမြင့်တက်စေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ ချင်းညီနောင်တပ်ဖွဲ့နဲ့ မကြာခဏ သဘောထားကွဲလွဲပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ CNF ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း ပြန်လည်ညှိုနှိုင်းကာ သဘောထားသင့်မြတ်မှုတွေရရှိထားပြီးပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာမှ ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ…

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စလင်းတွင် နိုဝင်ဘာလအတွင်း အရပ်သား ၃၀ နီးပါး ပေါ်တာဆွဲခံရပြီး အဆမတန် ငွေညှစ်ခံရသူ ၂ ဦးသာ ပြန်လွတ်လာ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ နိုဝင်ဘာလ တစ်လတည်းအတွင်း လူငယ် ၂၉ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့ပြီး ငွေပေးနိုင်သူ ၂ယောက်သာ လွတ်မြောက်ကာ ကျန်တဲ့သူတွေ စစ်သင်တန်းကျောင်း ပို့ဆောင်ခံရကြောင်း ပြည်သူ့ညီနောင် - စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေ နည်းပညာအကူအညီလိုအပ်ရင် ကူညီဖို့အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန - MOCIT ကနေ ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးဒရုန်းတွေ နည်းပညာအကူအညီ လိုအပ်ရင် ကူညီပေးဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ စစ်ကောင်စီ ရဲတပ်ကြပ်ကြီးကို PDF က နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီး၊ ခဲယမ်းတွေပါ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး ၁ ယောက်ကို နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရတနာပုံတပ်ဦးက ဒီဇင်ဘာ ၉ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

မင်းတပ်မြို့ကို စစ်ကောင်စီတပ် ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။