လားရှိုးမြို့ကို မနေ့က စက်တင်ဘာ ၂၈ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကား၁၂စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး သိန်းတစ်ထောင်ကျော်နီးပါး ဆုံးရှုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၈ ရက် မနေ့က ည ၈ နာရီ ၃၄ မိနစ်လောက်မှာ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၈ မန်ဆူဟိုတယ်အနီးကို ပေါင်ချိန်များတဲ့ ဗုံးတစ်လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့်  မန်ဆူ ဟိုတယ်အနီးက ကားဝပ်ရှော့ပျက်စီးခဲ့ပြီး ကားဝပ်ရှော့မှာ ပြုပြင်ထားတဲ့ ကား ၁၂ စီး ပျက်စီးခဲ့သလို ကားပြင်ဆိုင်တစ်ဆိုင်လုံး ကျပ်သိန်း ၁၀၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ သိရပါတယ်။

တဆက်တည်းမှာပဲ အနီးပတ်ဝန်းကျင်က အဆောက်အအုံတွေနဲ့ ဈေးဆိုင်တွေလည်း ပြင်းထန်စွာ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက်  လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ ၊ ရဲစခန်းနဲ့ မီးသတ်တပ်ဖွဲ့တို့က ဗုံးကြဲခံရနေရာကို ချက်ချင်းသွားရောက် ကယ်ဆယ်ပြီး ရှင်းလင်းမှုတွေပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့ကို ပြီးခဲတဲ့ စက်တင်ဘာ ၂ ရက်ကနေ စက်တင်ဘာ ၂၈ ရက်အထိ ရက်ခြားဆိုသလို စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ၁၄ ကြိမ်ရှိပြီဖြစ်ပြီး သုံးယောက်သေဆုံးခဲ့ရတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)ပြည့် မွေးနေ့အတွက် MDY-PDF ၏ ဆုတောင်းဓာတ်ပုံများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ နောက်တန်းဌာနတွေမှာရှိတဲ့ စစ်သည် စစ်မေတွေက “Happy Birthday Suu” ဆိုပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုပုံရိပ်တွေကို MDY-PDF က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မုံရွာ အမှတ် (၂) ရဲစခန်းက ဒုရဲအုပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်(၂)ရဲစခန်းက ဒုရဲအုပ် ၁ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံမြို့ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတ်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်မှ အလင်းဝင်လာသူနှင့် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စုစုပေါင်း ၂၇ ဦး ရှိ

၂၀၂၅ ခုနှစ် မတ်လ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၂၇ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ ဖော်ပြထားပါတယ်။
Read More

နွေဦးတော်လှန်ရေး၏ အခြေအနေကြောင့် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ရန်လိုအပ်ဟု ကိုနန်းလင်း တိုက်တွန်း

နွေဦးတော်လှန်ရေးရဲ့အခြေအနေတွေကြောင့် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ဖို့ လိုအပ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုနန်းလင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဆိုလိုက်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ အပြင်မထွက်၊ အသံတိတ်သပိတ်ပြုလုပ်ပြီး လူထုလှုပ်ရှားမှုတစ်ရပ် ဆင်နွှဲကြဖို့ရှိပါတယ်။
Read More

ပြည်သူကြောင့် တော်လှန်ရေးအောင်မြင်နေတာဖြစ်ပြီး ပြည်သူတွေ ဒုက္ခကို ကြံ့ကြံ့ခိုင် ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပြော

နွေဦးတော်လှန်ရေး အောင်မြင်နေတာဟာ ပြည်သူကြောင့် ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒုက္ခကို ကြံ့ကြံ့ခိုင်ကာ ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။