KNU ထိန်းချုပ်ထားတဲ့ ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်၊ ဆောထိမြို့နယ်အတွင်း အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၂ယောက်ဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ (၂)ယောက် ထိခိုက်ဒဏ်ရာရပြီး ပြည်သူပိုင်နေအိမ် (၂)လုံး ပျက်စီးခဲ့ရတယ်လို့ KNU(ဗဟို)က စက်တင်ဘာ ၂၉ ရက် ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၇ရက်နေ့ ညနေ ၅နာရီခွဲအချိန်မှာ စစ်ကောင်စီက  ဂွေးကုန်းကျေးရွာအတွင်းကို ဒရုန်းနဲ့ ဗုံးသီး (၁၀)လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ပြည်သူတစ်ယောက်ရဲ့ နေအိမ်ထိမှန်ပျက်စီးပြီး အိမ်မှာ နေထိုင်တဲ့ ဒေသခံပြည်သူ (၂)ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်  ထမင်းစားဆောင်၊ နွားတင်းကုတ်၊ နွား(၂)ကောင်၊ ထော်လာဂျီ နောက်တွဲ (၁)စီး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းအတွင်းကနေလည်း  စက်တင်ဘာလ ၂၇ရက်နေ့ နေ့လည် ၁၁နာရီ နဲ့ ညနေ ၆နာရီ ၈မိနစ်မှာ ၁၂၀မမ နဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီး စုစုပေါင်း (၉)လုံးခန့် ပစ်ခတ်ခဲ့တာကြောင့် ချုံအင်းကျေးရွာနဲ့ ထမင်းရုံကျေးရွာအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  စက်တင်ဘာလ ၂၇ရက်နေ့ ည ၉နာရီ ၉မိနစ်မှာ ၁၅၅ မမ‌ ဟောင်ဝှစ်ဇာ လက်နက်ကြီး (၁)လုံးကို စစ်ကောင်စီက ထပ်မံပစ်ခတ်ခဲ့တာကြောင့် ထမင်းရုံးကျေးရွာနဲ့ ပျဉ်ရေကြီးကျေးရွာအကြား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကာကွယ်ရေးတပ်ဖွဲ့ကို ရှမ်းနီတပ် SNA ပြောက်ကျားတိုက်ခိုက်သည့်အပြင် ဒရုန်းဖြင့် ထပ်မံဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အပေါင်းအပါ ရှမ်းနီတပ် SNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကသာခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – ဗျူဟာအမှတ်(၇) တပ်ဖွဲ့  ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဗျူဟာအမှတ်(၇) တပ်ဖွဲ့  ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အခမ်းအနားကို မေလ ၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းမှာ တော်လှန်ရေးပူပေါင်းအဖွဲ့က လမ်းလုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ နဲ့ ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီး လမ်းပိုင်းမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်၊  မွန်ပြည်သစ်ပါတီ (စစ်အာဏာ ရှင်တိုက်ဖျက်ရေး)၊ Lion Battalion စစ်ကြောင်း မဟာမိတ် ပူး‌ပေါင်းအဖွဲ့က ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် ဒီနေ့မှာ ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်းနှင့် ဂတ်(စ်)ပိုက်လိုင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၄ ဦး သေပြီး ဂတ်စ်ပိုက်လိုင်းစခန်းကို တော်လှန်ရေးတပ်များ ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်း နဲ့ ဂတ်(စ်)ပိုက်လိုင်းစောင့် စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၄ယောက်သေဆုံးပြီး ဂတ်စ်ပိုက်လိုင်းစခန်းနဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာမှ ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ…

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် ဗီရိုနီကာ ONE Championship နှင့် တရားဝင် စာချုပ်ချုပ်ဆို၊ သူမ၏ ပွဲဦးထွက် မကြာမီ မြင်တွေ့ရမည်ဟု ဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။